ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်တွင်း ခရီးသည် အဆောက်အဦသစ် ဖွင့်လှစ်

ပြည်တွင်း လေကြောင်း ခရီးစဉ်များ အသုံးပြုရန် နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ခရီးသည် အဆောက်အဦသစ် Teiminal 3 (T3) အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒီဇင်ဘာ ၅ ရက်က ဖွင့်လှစ်လိုက်ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်တွင်း ခရီးသည် အဆောက်အဦသစ်အား ဒီဇင်ဘာလ ၉ ရက်မှ စတင် အသုံးပြုသွားမှာဖြစ်ပါတယ်။

ယခု ဖွင့်လှစ်လိုက်တဲ့ ပြည်တွင်း ခရီးသည် လေဆိပ် အဆောက်အဦသစ်ဟာ အလျား ၁၈၀ မီတာ ၊ အကျယ် ၅၆ မီတာရှိ သံကူ ကွန်ကရစ် ၄ ထပ် အဆောက်အဦဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်း လေကြောင်း ခရီးသည် ပို ့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပြည်တွင်း ခရီးသည် အဆောက်အဦသစ် တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၅ ခုနှစ် မေလက စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ တည်ဆောက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို ့ဝင်/ထွက် သွားနေတဲ့ ခရီးသည် ဦးရေဟာ ၂၀၁၄ ခုနှစ်အတွင်း ပြည်ပ ခရီးသည် ၂,၉၁၅,၆၆၈ သန်း၊ ပြည်တွင်း ခရီးသည် ၁,၄၇၉,၁၄၇ သန်းခန့်ထိ တိုးတက်လျက်ရှိရာ လက်ရှိ လေဆိပ် အဆောက်အဦ အနေဖြင့် အသုံးပြုနိုင်မယ့် ခရီးသည် ဦးရေ ၂.၇ သန်းကို ကျော်လွန်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။

Ref; Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။