ဘာမြူဒါ တြိဂံ

Bermuda Triangle တည်နေရာ

1 ဒီထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ Devil's Triangle လို့ ခေါ်လေ့ရှိတဲ့ Bermuda Triangle ဟာ မြောက် Atlantic Ocean ရဲ့ အနောက်ဖက်ပိုင်း မှာရှိတဲ့ မြောက်များစွာသော လေယာဉ်တွေ၊ အာကာသယာဉ်တွေ နဲ့ သဘောင်္တွေ ထူးဆန်းစွာ ပျောက်ကွယ်သွားလေ့ရှိတဲ့ နေရာလေးပါ။

လူအများစု ကတော့ ဒီထူးဆန်းစွာ ပျောက်ပျက် သွားမူကို ထူးခြားတဲ့ ကုန်းမြေ ဖြစ်တည်မူကြောင့်လို့ မှတ်ယူထားပါတယ်။ Bahamas, the Straits of Florida, Caribbean Island နဲ့ Atlantic သမုဒ္ဒရာတို့ ပတ်ပတ်လည် ၀န်းရံထားတဲ့ ထူးခြားတဲ့ နေရာလေးပါ။

ဒါ့အပြင် ဒီနေရာလေးက ပင်လယ်ကူး သဘောင်္ကြီးတွေ အမေရိက နဲ့ Europe နိုင်ငံတွေအတွက် အဓိက ကူးဖြတ်လေ့ရှိတဲ့ နေရာလေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်း ဆိုလည်း မမှားပါဘူး။ ဇိမ်ခံသဘောင်္ကြီးတွေလည်း Florida နဲ့ ကျွန်းငယ်လေးတွေ ကို သွားတဲ့အခါ မဖြစ်မနေ ဖြတ်သန်းရတဲ့ နေရာလေးပါ။ လေကြောင်းတွေ အတွက် ကုန်တင်လေယာဉ်တွေ တောင် အမေရိက၊ Florida၊ နဲ့ Caribbean ကျွန်းတွေ အတွက် အဓိကကုန်သွယ်ရေး လမ်းကြောင်း လည်း ဖြစ်ပါတယ်။

History

History

2 ပထမဦးဆုံး ထူးဆန်းစွာ ပျောက်ကွယ်သွားမှု ဖြစ်စဉ် ဟာ Bermuda ဧရိယာမှာ ဖြစ်ပွားခဲ့တယ်လို့ ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ဝေတဲ့ Edward Van Winkle Jones ရေး သား ထား တဲ့ ဆောင်းပါးလေး တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Sand က ဖော်ပြထားတဲ့ ဆောင်းပါးလေး မှာလည်း လေယာဉ်နဲ့သဘောင်္တွေ အမြောက် အမြား ပျောက်ကွယ် သွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Flight 19 လို့လူသိများတဲ့ US navy TBM avenger bombers လေယာဉ် ငါးစီးဟာ December 5, 1945 မှာ Naval Air Station Fort Lauderdale, Florida ကနေ Navigation problem No. 1 လို့ခေါ်တဲ့ လေ့ကျင့်မူ တစ်ခုကို ပြု လုပ်နေစဉ် မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။

အဲဒီပျောက်ကွယ်မူ မှာ လေယာဉ်မောင်း ၁၄ ယောက် ဟာလည်း အတူပျောက်ကွယ်သွားပါတယ်။ ဒါ့အပြင် အဲဒီ လေယာဉ်တွေကို ရှာဖွေတဲ့ ၀န်ထမ်း ၁၃ယောက် ပါ၀င်တဲ့ PBM Mariner flying boat ဟာလည်း ရေထဲမှာ သူ့အလိုလို ပေါက်ကွဲသွားတယ် လို့ ယူဆရပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။

အမေရိကန် ရေတပ်ကတော့ ဒီဖြစ်စဉ် တစ်ခုလုံးကို သေချာတိကျတဲ့ အဖြေ မပေးနိုင်ခဲ့ ပဲ လေယာဉ် တွေ ဓာတ်ဆီ ကုန်ပြီး သူ့အလိုလို ပျက်သွားတယ်လို့ ယူဆရပါတယ် ဆိုပြီး ဖော်ပြခဲ့ ပါတယ်။ ဒီနောက်ပိုင်းက စပြီး ဒီထူးခြားတဲ့ နေရာလေး အကြောင်းကို လူတွေစိတ်ဝင်စားမှု ပိုများ လာခဲ့ပြီး လေ့လာဖော်ပြချက်တွေ၊ ငြင်းခုံမှုတွေ အမြောက်အမြား ပေါ်ပေါက်လာပါတယ်။

Explanations (ဘာကြောင့် နစ်မြုပ်မှုတွေ ဖြစ်ပေါ်စေတာလဲ

3 ဒီလိုထူးခြားမှု ဖြစ်စဉ်တွေ ပေါ်ပေါက်လာတဲ့ အပေါ်မှာ လူတွေထင်မြင်ချက် နဲ့ သိပ္ပံနည်းကျ တွက်ချက်ဖော်ထုတ် ထားမူတွေက...။

ပထမဦးဆုံး Compass Variations ဆိုတဲ့ သံလိုက် အိမ်မြောင် တွက်ချက်မှု ပြောင်းလဲခြင်း ဆို တဲ့ ဖော်ပြချက်ပါ။ ဒီ သံလိုက်အိမ်မြောင်နဲ့ ပတ်သတ်တဲ့ ပြောင်းလဲမှုက Triangle ဖြစ်ပေါ်ပြောင်းလဲမှု မှာ အဓိကကျတဲ့ အချက်တစ်ခု အဖြစ် ပါ၀င်ပါတယ်။ သံလိုက်ဓာတ်တွေဟာ သာမန်အားဖြင့် သံလိုက်ဖြစ်ပေါ်တဲ့ နေရာ ကနေ စပြီး ပြောင်းလဲ တတ်တယ်လို့ လူသားတွေ သိရှိထားကြပါတယ်။ ဒါပေမယ့် တချို့မသိရှိသေးတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ အဲဒါကတော့ သဘာဝ အားဖြင့် အလိုအလျောက် သံလိုက်ဓာတ်တွေ ပြောင်းလဲတတ်ခြင်းပါ။ တခါတလေ တြိဂံကြီး တစ်ခု သဖွယ် ပြောင်းလဲတတ်တဲ့ သဘောလည်းရှိပါတယ်။

Source: original uploader(facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။