Aad မျိုးနွယ်စုများရဲ့ အရိုးများကို တွေ့ရှိမှုပါ။ ဒီမှော်ပညာနဲ့ ပါတ်သတ်မှုရှိတာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆော်ဒီအာရေးဗီးယားနိုင်ငံ အရှေ့တောင်ဘက်က ကန္တာရ တစ်ခုမှာ လောင်စာဆီ

တူးဖေါ်ခဲ့ရာမှ ၄င်း ဘီလူးဆန်ဆန် ကြီးမားတဲ့ လူသား အရိုးစုများကို တွေ့ရှိ ခဲ့တယ်ဆိုပြီး Websit များမှာ သတင်းပျံနှံခဲ့ပါသည်။

ဒါပေမဲ့ ၄င်းဒေသကိုတော့ Aramco ဆီကုမ္ပဏီ လုပ်သားများနှင့် အာဏာပိုင်တွေက လွဲပြီး မည်သူ့ကိုမှ ဝင်ခွင့် မပေးထားပါဘူး။ အချို့ဓာတ်ပုံတွေကတော့ PUBLIC ကို ရောက်လာခဲ့ကြပါတယ်။ ဓါတ်ပုံတစ်ချို့ကိုလည်း ရဟတ်ယဉ် တစ်စီးပေါ်က မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။

ဒီအရိုးစုကို ရှေးအာရေးဗီးယား လူမျိုးတွေက Aad လူ့ဘီလူးများလို့ ယုံကြည်ကြပါသည်။ ထို Aad လူ့ဘီလူးတွေဟာ အလွန် အစွမ်းအားမြင့်ကြပြီး သူတို့ရဲ့ လက်ဖြင့် သစ်ပင်တစ်ပင်ကိုတောင်

ဆွဲနုတ်နိုင်ကြသည် စသည်ဖြင့် ပုံပြင်များလည်း ရှိပါသည်။ ဒါပုံပြင်လား တကယ့်သမိုင်းကြောင်းလား

ဆိုတာတော့ အခုပေါ်လာသလိုပါပဲ။

ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ အစမ်းသပ် မခံသည့် လိမ်ညာလှည့်ဖြားထားသော ပုံများပဲ

ဖြစ်သည်ဟု ပြောဆိုနေကြဆဲပါပဲ။ အချို့ ဗီဇကုတ်ပညာရှင်တွေကတော့ ဒီလိုရှာတွေ့မှုတွေကို အသေအလဲ

ရှာဖွေကာ သုတေသန လုပ်နေကြပါတယ်။ အချို့က ဒီလို ထူးဆန်းမှုတွေကို လျှို့ဝှက်သုတေသနပြုလုပ်တဲ့

အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းက လူထုကို တမင်မချပြတာလို့လဲ ယုံကြည်ကြပါတယ်။

source - nay shine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။