ဆိုးသွမ်းနေသော ဘတ်စ်ကားဆရာများ

ဘတ်စ်ကားစီးဖူးသူတိုင်း ကားစပယ်ယာတွေ ဆက်ဆံရေးဆိုးရွားတာ ကြုံဖူးမှာပါ။ (အားလုံးကို မဆိုလိုပါ) ဟိုးတလောကလည်း အသက်ကြီးအဖိုးတစ်ယောက်ကို လက်သီးနဲ့ထိုးပြီး ကားပေါ်ကတွန်းချခဲ့တဲ့ သတင်းဟာ တော်တော်ကို စိတ်မကောင်း ဒေါသဖြစ်မိပါတယ်။ အခုလည်း ကျောင်းသားတစ်ယောက်ကို စပယာကတစ်ယောက်ကချုပ် နောက်တစ်ယောက်က ဝါရင်းတုတ်နဲ့ ရိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းကို လူမှုကွန်ယက်ကတစ်ဆင့် သိခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ နဲ့ပတ်သတ်ပြီး တာဝန်သိပြည်သူတစ်ဦးဟာ ယခုလိုပဲ ရေးသားထားပါတယ်။

သို့

သက်ဆိုင်ရာသို့

ပြင်းထန်စွာအရေးယူပေးပါရန်

မ​နေ့က( ၄ . ၁၂ . ၂၀၁၆ ၊ ည​နေ ၆နာရီဝန်​း

ကျင်​) ​WYTU ကျောင်းသား ၂၂ နှစ်​အရွယ်​

​လေးကို စပယ်​ရာတစ်​​ယောက်​က ချ ုပ်​ ၊ ​နောက်​တစ်​

​ယောက်​က ကား​ပေါ်အသင်​့​ဆောင်​ထားတဲ့ ဝါးရင်​း

တုတ်​နဲ့ရိုက်ခဲ့သောဖြစ်ရပ်တွေ့ရှိခဲ့ပါသည်ရှင့်

စပယ်​ရာနှစ်​​ယောက်​က အဲဒီလို ရိုက်​နှက်​​နေချ ိန်​ ဒရိုင်​

ဘာကလည်​း ဘယ်​မှတ်​တိုင်​မှ မရပ်​​တော့ဘဲ ​မောင်​း

ပြေးခဲ့ပါသည်။ ကား​ပေါ်ပါ ခရီးသည်​​တွေလည်​း ဝါးရင်​း

တုတ်​တပ်​သား​တွေကို​ကြောက်​​သဖြင့် ထိုကလေးမှာ

အလူးအလဲခံနေရပြီး လမ်းမှမြင်တွေ့လိုက်သူ၂ဦးမှ ကားငှားပြီး ကားနံပါတ် 1E /3392 နောက်ကိုအတင်းလိုက်ပြီး တာမွေရဲစခန်းတွင် အတင်းပိတ်ဖမ်းပေး၍မိခဲ့ပါသည်။

ထိုကလေးခမျာမှာ ဆေးရုံတွင် ၈ချက်ချုပ်ခဲ့ရပြီး

တပ်ဆင်လာသောမျက်မှန်ရိုက်ခွဲခံရရုံသာမက ဖုန်းလည်းထိုကားပေါ်တွင်ဖျက်ဆီးခံခဲ့ရပါသည်။

ထိုကလေးမှာ ယခုနှစိ BE စာမေးပွဲဖြေဆိုအောင်မြင်ပြီး MEတက်ရန်ပြင်ဆင်နေသောကလေးဖြစ်ပါသည်။

ကျမက အိမ်နီးနားချင်းဖြစ်သောကြောင့် ကလေးအမေနှင့်အတူတာမွေရဲစခန်းသို့ရောက်ခဲ့ပါသည်။ ကလေးတကိုယ်လုံးသွေးအလိမ်းလိမ်းနှင့် တုတ်ဖြင့်အရိုက်ခံထားရသည့်အတွက်ကြောက်ရွံ့နေပါသည်။

ကျမစိုးရိမ်သည်မှာ တုတ်မဟုတ်ပဲဓားများဖြစ်ခဲ့ပါက အညွန့်တလူလူနှင့်ကလေးတစ်ယောက်ပွဲချင်းပြီးသေဆုံးနိုင်ပါသည်။

ထိုအပြင် စပါယ်ယာနှစ်ယောက်ကိုလည်း အပြစ်ကျုးလွန်သည့်အတွက်တိတိကျကျထောင်ဒဏ်ချမှတ်ပေးခြင်းမရှိသည့်အပြင်အာမခံနှင့်လွတ်ပြီးထောင်ကျမည်ဆိုပါကလည်းရရက်သာဖြစ်ပါသဖြင့် နောက်နောင်ထိုထက်ပို၍ရမ်းကားမည်ဆိုးပါသဖြင့် ထိထိရောက်ရောက် ပြည်သူများအား ကာကွယ်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်ရှင့်။ ။

တကယ်ကို ကြောက်စရာကောင်းလာပါပြီ။ စာဖတ်ပရိသတ်ကြီးလည်း ဘတ်စ်ကားစီးရင် အထူးဂရုပြုကြပါလို့ အကြံပေးနှိုးဆော်ရင်း……………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။