ဘွန်းမောက်အသင်းသို့ တစ်ရာသီအငှားချထားသည့်နောက်ခံဗဟိုကစားသမား နေသန်အိတ်ခ်က မိခင်ကလပ် ချယ်လ်ဆီးအသင်းဆီ လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ပြန်လာချင်သော်လည်းအငှားချထားသည့် အသင်းတွင် ရာသီကုန်အထိ ဆက်ရှိမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

"ကျနော် စတန်းဖို့ဒ်ဘရစ်ချ်ဆီ ပြန်ပြီး အသင်းကြီးမှာကစားချင်ပါပြီ၊ ဒါပေမယ့် ဘွန်းမောက်နဲ့ စာချုပ်က ရာသီကုန်အထိပါ၊ အဲ့ဒါကိုတော့ ကျနော်လေးစားရပါမယ်၊ ပွဲထွက်ခွင့်အခုလိုဆက်ရမယ်လို့မျှော်လင့်ပါတယ်"ဟုပြောကြားခဲ့ခြင်းဖြစ်သည်။

အသက်(၂၁)နှစ်ရွယ် နယ်သာလန်ကစားသမားလေး သည် ဘွန်းမောက်အသင်း၏ နောက်ဆုံး(၃)ပွဲတွင်ပထမကစားသမားအဖြစ် ဆက်တိုက်ပွဲထွက်ခွင့်ရပြီး စတုတ်စီးတီးနှင့် လီဗာပူးအသင်းတို့ုိကိုအနိုင်ရသည့်ပွဲတွင် (၁)ဂိုးစီသွင်းယူနိုင်ခဲ့သည်။

Credit - Myanmar Chelsea

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။