တစ်ချိန်ကမြန်မာရုပ်ရှင်လောကမှာ နာမည်ကြီးခဲ့တဲ့၊ မိန်းကလေးတွေရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ စိုးသူ၊ တစ်ဖက်မှာက တစ်ချိန်ကမြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်ခဲ့တဲ့ စိုးမြတ်နန္ဒာ။ နှစ်ယောက်လုံး အိမ်ထောင်အသီးသီးကွာရှင်းပြီးနောက် ပရိသတ်တွေရှေ့မှာ ခိုင်ခိုင်မာမာလက်တွဲနေတဲ့ သူတို့။ တစ်ဖက်မှာ ပြီးပြတ်သေးပုံမရတဲ့ စိုးသူရဲ့ဇနီးဟောင်း။

ယခုတစ်ခါမှာတော့ စိုးမြတ်နန္ဒာရဲ့ စိုးသူရဲ့ဇနီးဟောင်းကို ပြန်ချေပထားတဲ့ပုံနဲ့ရေးသားထားတဲ့ ဆူးခင်းလမ်း Post အောက်မှာ စိုးမြတ်နန္ဒာဘက်က ပရိသတ်အတော်များများရှိနေပေးခဲ့ပါတယ်။ စိုးမြတ်နန္ဒာကို ထောက်ခံတဲ့ပရိသတ်တွေ အတော်များများဟာ အဆိုပါ Post အောက်မှာ Comment တွေ ဝင်ရေးသားထားတာကိုတွေ့ရပါတယ်။

ပရိသတ်တစ်ယောက်ကနေ စိုးသူရဲ့အရင်ဇနီးဟောင်းပြောထားတဲ့ Video Link ကို Commentမှာရေးပြီး စိုးမြတ်နန္ဒာကို ဝင်ကြည့်ဖို့ပြောတဲ့အခါမှာတော့ စိုးမြတ်နန္ဒာက သူဝင်ကြည့်လို့မရဘူးဆိုတာနဲ့ သူ့ကို Block လုပ်ထားတယ်ဆိုတာကိုပါ ပြန်လည်ပြောခဲ့ပါတယ်။

ဒါ့အပြင် ပရိသတ်တစ်ယောက်ကလဲ စိုးသူဇနီးဟောင်းတင်ထားတဲ့ Videoမှာ သွားပြီး Commentပေးရာကနေ သူ့ကိုပါ Block လုပ်ထားတယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

Source : SOE MYAT NANDAR Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။