လူငယ်တွေရဲ့အသည်းစွဲဖြစ်တဲ့ အဆိုတော်ရွှေထူးကို သူ့ရဲ့တက်တူးတွေနဲ့ပတ်သတ်ပြီးတော့လဲ လူသိများကြပါတယ်။ တက်တူးတွေ ဘာကြောင့်ထိုးဖြစ်သလဲဆိုတာကို ရွှေထူးကနေ ယခုလိုပြောကြားခဲ့ပါတယ်။
" ကျွန်တော့်ဘဝအမှတ်တရတွေကို ကျွန်တော်ထိုးထားတာပါ။ တက်တူးစထိုးတဲ့အချိန်ကစပြီး ဒီကနေ့ထိထိုးထားတဲ့ တက်တူးအားလုံးမှာ ကျွန်တော့်ဘာသာ ကျွန်တော်သတ်မှတ်ထားတဲ့အဓိပ္ပာယ်ရှိပါတယ်။ လှလို့ထိုးတဲ့ဟာက ရှားပါတယ်။ "
ဒါ့အပြင် သူ့ရဲ့နောက်ဆုံးတက်တူးနဲ့ပတ်သတ်ပြီး ရွှေထူးမှ
" နောက်ဆုံးထိုးထားတဲ့ တက်တူးပေါ့။ ကျွန်တော့်ညာဘက်လက်မှာ ထိုးထားတဲ့ သစ်ပင်အမဲရောင်ကြီးပေါ့။ အမဲရောင်ဒီသစ်ပင်က ကျွန်တော်အမြဲတမ်းအထီးကျန်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့။ ကျွန်တော့်ကို ကျွန်တော် အားငယ်စိတ်နဲ့ အထီးကျန်နေတတ်တယ်ဆိုတဲ့စိတ်နဲ့ အဓိပ္ပာယ်နဲ့ထိုးထားတာပါ။ " လို့ ပြောကြားခဲ့ပါတယ်။
Source : MODA Interview
Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။