ဧဝရတ်တောင်ဟာ နီပေါနိုင်ငံမှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် စံချိန်တင်ထားတဲ့ တောင်တစ်တောင်လည်း ဖြစ်ပါတယ်။ အလွန်ဆိုးရွားလှတဲ့ ရာသီဥတုနဲ့ ကြမ်းတမ်းတဲ့ အခက်အခဲတွေကြောင့် တောင်ပေါ်ကို အလွယ်တကူမရောက်နိုင်ပါဘူး။ တချို့တွေဆိုရင် တောင်ပေါ်တက်ရင်းနဲ့ပဲ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မကျော်လွှားနိုင်ပဲနဲ့လမ်းခုလက်မှာတင် အသက်သေဆုံးသွားတဲ့ တောင်တက်သမားတွေလည်း ရှိခဲ့ပါတယ်။ 

ပေပေါင်း နှစ်သောင်းကိုးထောင်နှစ်ဆယ့်ကိုးပေ (29,029 ft), အမြင့်ရှိ ကမ္ဘာ ကျော် ဧဝရက် တောင်ကို တက်ခဲ့ကြတဲ့ သူတွေ တချို့ ဟာ တက်နိုင်ထိပ်ဖျားမရောက်ခဲ့ ဘဲ လမ်းတဝက်မှာတင် သေဆုံးသွားကြတဲ့နိုင်ငံတကာက တောင်တက်သမားတွေရဲ့ အလောင်းတွေဖြစ်ပါတယ်။

ခုလိုမျိုးလတ်တဝက်မှာတင် ရာသီဥတုဒဏ်မခံနိုင်တဲ့အဆုံး သေဆုံးလို ထားခဲ့ရသူတွေအလောင်းပေါင်း ၂၅၀ ကျော်ရှိတယ်လိုု့သိရပါတယ်။

အမြင့်ပေ ပေါင်း ၂၆၀၀၀ကျော်လာရင် သေမင်းဇုံလို့သတ်မှတ်ထားကြပါတယ်။

သေဆုံးသွားတဲ့သူတွေကို ပြန်သယ်ယူတဲ့အခါ တောင်ခြေကတထောက်နားစခန်းအထိရောက်အောင်ပြန်သယ်နိုင်ဘို မလွယ်လို ခုလို သေတဲ့အတိုင်း ထားခဲ့ရပါတယ်။ တောင်တက်သမားတွေရဲ့ ကမ္ဘာအမြင့်တောင့်ဆူံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်တစ်ဝိုက်မှာကြွေဆင်းသွားခဲ့ရတဲ့ ပုံရိပ်တွေဟာ လူမှုကွန်ယက်တွေပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။သို့သော်လည်း အဆိုပါတောင်တက်သမားတွေဟာ ချီးကျူးစရာကောင်းပြီး နောက်ဆုံးထွက်သက်အထိအားမလျော့ပဲ ကြိုးစားခဲ့တဲ့အတွက် ဂုဏ်ယူလေးစားစရာလည်းကောင်းတယ်လို့ လူအများစုက သူတို့ရဲ့လူမှုကွန်ယက်တွေပေါ်မှာရေးသားဖော်ပြထားကြပါတယ်။ 

Source : Dain Chin (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။