ဖြူဖြူထွေးကတော့ လူမှုကွန်ယက်ဖေ့ဘွတ်ခ်စာမျက်နှာအထက်မှာ ဟာသဗီဒီယိုလေးတွေနဲ့ လူကြိုက်များ ရေ ပန်းစားလာတဲ့ ဖေ့ဘွတ်ခ်ဆယ်လီ တစ်ယောက်ပဲ ဖြစ်ပါတယ်။ယခုနောက်ပိုင်းမှာတော့ တခြား အနုပညာ လုပ်ငန်းတွေကို အချိန် ပေးလုပ်ကိုင်နေရတာကြောင့် ချစ်ပရိသတ်တွေ အတွက်ဟာသ ဗီဒီယိုလေးတွေ တင်ဆက်ဖို့ပျက် ကွက်နေခဲ့တာ ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ သူမရဲ့ဟာသဗီဒီယိုလေးတွေကို လွမ်းနေတဲ့ ချစ်ပရိသတ်တွေ အတွက် အလွမ်းပြေသွားစေမယ့် ဗီဒီယိုလေးတစ်ခု ပြန်လည်မျှဝေပေးလိုက်ပါပြီး။ 

သူမရိုက်ကူးလေ့ရှိတဲ့အတိုင်း နောက်ခံစကားပြော ဗီဒီယိုလေးကို သဏ္ဍန်လုပ်သရုပ်တူ ရိုက်ကူးထားတဲ့ ဟာသဗီဒီယိုလေးတစ်ခု ပဲဖြစ်ပါတယ်။ဘီအီးဒီ အောက်သိုက်ရဲ့ အသံဇာတ်လမ်းလေး တစ်ခုဖြစ်တဲ့ မြညိုချစ်သော ကိုရင်သြ (အပိုင်း (၁) မြညို မငိုပါဘူး)ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။သူမတစ်ခါမှ မရိုက်ကူးဖူးသေးတဲ့ (၃)ကိုယ်ခွဲ အဖြစ်ထူးထူးခြားခြား သရုပ်ဆောင်ထားပြီး ဟိုးအရင်ရိုက်ကူးခဲ့တဲ့ ဗီဒီယို လေးတွေ ထက်အများကြီး ပီပီပြင်ပြင်နဲ့ သရုပ်ဆောင် ပိုကောင်းလာတာကိုတွေ့ရပါတယ်။ 

ယခု ဗီဒီယိုအသစ်လေးကတော့ လက်ရှိလူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ တခြားဖေ့ဘွတ်ခ်ဆယ်လီတွေနဲ့ ပူးပေါင်းဖန်တီး ရိုက်ကူးထားတာ ဖြစ်ပြီး တော်တော်လေးလည်း အရည်သွေးကောင်းမွန်တဲ့ ချီးကျူးဖွယ် ဗီဒီယိုလေးပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း အရမ်းကို သဘောကျချီးကျူးနေကြပြီး မကြာခင်မှာ အပိုင်း(၂) ဆက်လက်မျှေ၀ ပေးသွားမယ်လို့ ဆိုပါတယ်။ဖြူဖြူထွေးကို ချစ်တဲ့ပရိသတ်တွေ အတွက် သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဗီဒီယို အသစ်လေးကိုမျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ဖြူဖြူထွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။