ဘန်ကောက်ရောက်နေတဲ့အေးသောင်းကတော့ ချစ်ရသူအတွက် အလွမ်းတွေကို စာဖွဲ့ပြထား ပါတယ်။

“ မင်းမရှိလည်း ဒီနေ့အဖို့ ၂၄နာရီ ဖြတ်သန်းရအုံးမှာပါပဲ” တဲ့ ပရိသတ်ကြီးရေ။ ပုံကလေးတွေကလည်း လုံးဝအလွှင့်စတိုင်လေးနဲ့ ပေါ့ပါးကာဖက်ရှင်ကျလို့နေတာပါ။

ကဗျာဆန်လွန်းသူအေးသောင်းရယ်လို့တောင် ခေါ်ချင်စရာပါပဲ။ ကဗျာတွေ စာတွေရေးကာ ဖွဲ့ဖွဲ့နွဲ့နွဲ့စကားချိုချိုတွေနဲ့ ပရိသတ်ကိုမရိုးနိုင်အောင် ဆွဲဆောင်တဲ့ သူမပါပဲ။

အနုပညာဘက်ကို တစ်ခေတ်ပြန်လည်ရောက်ရှိလာတဲ့သူမအတွက် အားပေးမြဲ ချစ်ခင်ဆဲရှိနေတဲ့ ပရိသတ်တွေက ဘုရားပေးတဲ့ လက်ဆောင်တစ်ခုလို့ ဆိုပါတယ်။

မအေးသောင်းဆိုရင်တော့ ပုရိသတို့တင်မကပါဘူး မိန်းခလေးပရိသတ်ကပါ လက်ခံအားပေး တဲ့ အနုပညာရှင်ဖြစ်သလို ပြင်ဆင်ထားတဲ့အလှအပတွေထက် ပင်ကိုအတိုင်း သဘာဝ ဆန်တဲ့ ပုံစံနဲ့သာမြင်တွေ့ရလေ့ရှိပါတယ်။

ယခု ၂၀၁၈မှာတော့ သူမရဲ့ ရုပ်ရှင်ဇာတ်ကားကြီးများကို မျှော်လင့်နေတဲ့ ပရိသတ်တို့ အတွက် မကြာခင်မှာ မြင်တွေ့ရတော့မှာပါနော် ။

Samsung Myanmar နဲ့ Remax Myanmar တို့ရဲ့ Brand Ambassador တစ်ယောက် ဖြစ်သလို ဆိုင်သစ်ဖွင့်လှစ်တိုင်းမှာ မပါမဖြစ်သူတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ တဟုန်ထိုးအောင်မြင်မှု ရရှိနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့တော့ ဘန်ကောက်ရောက်ရှိနေတဲ့ မအေးသောင်းကို လွမ်းနေတဲ့ Myanmar Load ပရိသတ်ကြီးအတွက် ပုံလှလှလေးတွေကို စုစည်းပေးလိုက်ပါတယ်နော် ။

Source – Aye Thaung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။