အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့ မင်းသမီး ခင်ဇာခြည်ကျော်ကတော့ နှစ်တွေဘယ်လောက်ပြောင်းလဲလာပေမယ့် ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာရရှိနေဆဲဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်တိုင်းကို သဏ္ဍန်လုပ်သရုပ်တူလုပ်နိုင်တဲ့ အကယ်ဒမီခင်ဇာခြည်ကျော်ဟာ မနေ့က ကန်တော့ပွဲပေးနေပြီဖြစ်တဲ့ နေရယ်လရယ် အမှန်တရားရယ်” ဆိုတဲ့ရုပ်ရှင်ကားကြီးမှာ ပါ၀င်မှာဖြစ်ပါတယ်။

သူမဟာ လွှတ်တော်အမတ် ဒေါ်ခင်ခင် နေရာကနေ ပါ၀င်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဇာတ်ရုပ်တစ်မျိူးနဲ့ ပရိသတ်ကိုချပြဦးမှာဖြစ်ပါတယ်။

အနုပညာအလုပ်တွေဆက်တိုက်ပြန်လုပ်နေပြီဖြစ်တဲ့ ခင်ဇာခြည်ကျော်ဟာ လက်ရှီမှာ ရုပ်ရှင်ဇာတ်ကားတွေပြန်လည်ရိုက်ကူးနေပြီဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးကထဲက အနုပညာလောကနဲ့ ခဏတာအဆက်ပြတ်သွားခဲ့ပြီး သားတစ်ယောက် သမီးတစ်ယောက် ကလည်း အရွယ်ရောက်နေပြီမို့သူမရဲ့ အလုပ်တွေကို ပြန်လည်အားထည့်နေပြီဖြစ်ပါတယ်။

သားချော သမီးချောလေးတွေကိုမွေးဖွားထားတဲ့ သူမဟာ လက်ရှိအချိန်ထိ အပျိုလေးတွေအတိုင်း အရွယ်တင်နုပျိုနေဆဲဖြစ်ပါတယ်။ ငါသူတစ်ပါးယောကျာ်းမိန်းမ ဇာတ်ကားနဲ့တစ်နိုင်ငံလုံးက ပရိသတ်အားပေးမှုတွေများစွာရရှိခဲ့သလို အကယ်ဒမီရွှေစင်ရုပ်တုကိုလည်း ပိုင်ဆိုင်ထားရပါတယ်။

မကြာသေးမီရက်ပို်င်းကမှ ကမ်းခြေအပန်းဖြေခရီးကနေ ပြန်ရောက်လာတဲ့ သူမဟာ ရောက်တာနဲ့ အလုပ်တွေလုပ်နေတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီး အားပေးမှာလား  

Source : Khinzarchikyaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။