တစ်ချိန်က မြန်မာပရိသတ်တွေရင်ကို စွဲကိုင်လှုပ်နိုင်တဲ့ ဖိုက်တာမင်းသားကြီး ရဲမင်းပိုင်ကိုတော့ လွမ်းနေသူတွေရှိဦးမယ်ထင်ပါတယ်။

မြန်မာပြည်ကနေ အကြောင်းကိစ္စအချို့ကြောင့် ပြည်ပမှာ မိသားစုနဲ့ အတူသွားရောက် အခြေချနေထိုင်ဖြစ်တဲ့ ရဲမင်းပိုင်ဟာ အနုပညာလောကနဲ့ အချိန်ကာလအတန်ကြာ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

ရဲမင်းပိုင်တစ်ယောက် ပရိသတ်တွေမျှော်လင့်နေတဲ့အတိုင်း အနုပညာလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာတော့မှာဖြစ်တဲ့သတင်းတွေလည်း ထွက်ရှိနေတာအမှန်ပါပဲ။

လက်တလောမှာတော့ ဖိုက်တာမင်းသားကြီး ရဲမင်းပိုင်တစ်ယောက် မွေးရပ်ဌာနေမြန်မာပြည်ကို ပြန်လာနေပြီလို့ သိရပါတယ်။သားသမီး(၃)ယောက်ထွန်းကားထားတဲ့ ရဲမင်းဟာ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားရတာဖြစ်လို့ အခုတော့ သူတို့မိသားစုလေးခဏတာခွဲခွာရဦးမှာပါ။ 

သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတော့ မနေ့ညက မိသားစုဝင်တွေက သူနေထိုင်ရာ အမေရိကန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သူ့ကို လိုက်ပါနှုတ်ဆက်တဲ့ ပုံရိပ်တွေကို တင်ထားတာတွေ့ရ့ပါတယ်။

အရင်လိုအက်ရှင်ဇာတ်လမ်းတွေ ပြန်လည်ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတာကြောင့် အနုပညာလောကနဲ့ ရေစက်မကုန်သေးတဲ့ ရဲမင်းပိုင်တစ်ယောက် ပရိသတ်တွေရဲ့ ရင်ခွင်ဆီ ပြန်ခိုလှုံရဦးမှာဖြစ်ပါတယ်။

သဏ္ဍန်လုပ်သရုပ်တူအောင် အက်ရှင်အခန်းတွေကိုလည်း ပိုင်နိုင်လွန်းတာကြောင့် သူ့ပရိသတ်တွေကတော့ ဇာတ်ကားတွေပြန်ကြည့်ချင်နေလောက်ပါပြီ။

ပရိသတ်ကြီးရော သူ့ကို အရင်လို လက်ခံအားပေးဦးမှာလား ပြောခဲ့နော်။  

Source : Ye Min Paing fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။