အနုပညာအလုပ်တွေနဲ့ အလုပ်တွေများနေပေမယ့်လည်း သင်ဇာတစ်ယောက်ကတော့ သူချစ်တဲ့ ပရိသတ်တွေနဲ့တွေ့ဖို့ဆို ပျော်မဆုံးပါပဲ။ မကြာသေးခင်ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ ချစ်ရတဲ့ Fan တွေနဲ့ တွေ့ဆုံပွဲလေးတစ်ခုကိုတော့ စိမ်းလန်းစိုပြည်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ မင်းသမီးဆိုတဲ့ဂုဏ်တွေနဲ့ ပကာသနတွေကင်းစင်တဲ့ သူမကို ချစ်စရာအပြုံးလေးတွေနဲ့အတူ ဒီလိုပဲ မြင်တွေ့ရပါတယ်။

တူတူစားသောက်ကာ၊ ဘုရားသွား၊ ငါးလွှတ်နဲ့ အလှူအတန်းလေးတွေလဲ လုပ်ခဲ့သေး တယ်လို့ ဆိုပါတယ်။ တကယ်ကိုပျော်စရာကောင်းတဲ့ မြင်ကွင်းလေးတွေပါ။ ပရိသတ်တွေကသူတို့ကိုယ်တိုင်လုပ်ထားတဲ့ လက်ဆောင်ပစ္စည်းလေးနဲ့ သူမကလည်း အပြန်အလှန်လက်ဆောင်တွေပေးကာ အမှတ်တရပုံကလေးတွေရိုက်ရင်း အရမ်းကို ပျော်စရာကောင်းနေတာပါ။

ဒီအတွက်တော့ သူမက လက်ဆောင်ပစ္စည်းလေးတွေနဲ့ အမှတ်တရဓာတ်ပုံလေးများကို စုစည်းတင်ပေးထားကာ အေးချမ်းပြီးအရမ်းပျော်ခဲ့ရတယ်လို့လဲ ဆိုပါတယ်။

သူမကိုတော့ ပရိသတ်အချို့က အနေအေးကာသီးသန့်နေတက်သူတစ်ဦးလို့ သတ်မှတ်ထား ပေမယ့်လည်း အခုလိုတွေ့ဆုံမှုလေးမှာတော့ ပရိသတ်တွေအပေါ် ဂရုတစိုက်ရှိတက်သူ ချစ်ခင်သူတစ်ယောက်အဖြစ် ထူးခြားတဲ့အနုပညာရှင်တစ်ယောက်အဖြစ် သူမရဲ့စိတ်ဓာတ် လေးက တကယ်ကိုချစ်စရာကောင်းလှပါတယ်။

လတ်တလော ၂၀၁၈အတွက် ပိတ်ကားကြီးထက်မှာ ရုပ်ရှင်ဇာတ်ကားကြီးများစွာနဲ့ မြင်တွေ့ရအုံးမယ့် ချစ်တဲ့သင်ဇာကိုလည်း အရင်ကထက် အာပေးမယ်ဟုတ် ။

Source – Thin Zar Wint Kyaw FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။