ပရိသတ်တွေရဲ့ အချစ်တော် မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး ညိမ်းသော်ကတော့ ဘုရားထီးတင်ပွဲမှာ ဌာပနာထည့်ဝင် ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်..။

လှည်းကူး၊ ငါးဆူတောင်ကျေးရွာရှိ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ ဓမ္မဝိနယစင်တာမှာ တည်ထားကိုးကွယ်တဲ့ အနန္တဇိနစေတီတော် ထီးတော်တင်လှူပွဲမှာ ပါဝင်ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

မင်းသားချောလေး ညိမ်းသော်ကတော့ အနန္တဇိန စေတီတော်မြတ် ထီးတော်တင်ပွဲမှာ နဝရတ်ကိုးသွယ်ရွှေလက်စွပ်ကို ဌာပနာအဖြစ်ထည့်ဝင် ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်..။

ဘုရားထီးတင်အလှူပွဲလေးမှာ ပါဝင်ကုသိုလ်ယူခဲ့တဲ့ပုံရိပ်လေးတွေကိုလည်း မင်းသားချောလေး ညိမ်းသော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“အနန္တဇိန စေတီတော် ထီးတော် တင်လှူပွဲ..” ဆိုပြီး ပါဝင်ကုသိုလ်ယူနေတဲ့ သူ့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ပရိသတ်တွေကလည်း သူ့ရဲ့ ကုသိုလ်လေးတွေကို သာဓုခေါ်ဆုတောင်းစကားများ ပြောထားကြတာ တွေ့ရပါတယ်..။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချောလေး ညိမ်းသော်ကတော့ မိန်းကလေး ပရိသတ်တွေ အများဆုံး ရရှိထားပြီး ယောကျာၤးလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိပြီး လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး မဂ္ဂဇင်း၊ ဓာတ်ပုံကြော်ငြာများလည်း ရိုက်ကူးပေးနေပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - ညိမ်းသော် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။