အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့ နှစ်ယောက်အတူ ကုသိုလ်ယူကောင်းမှုလေးတွေ ပြုလုပ်ခဲ့ကြပါတယ်..။

ဗုဒ္ဓဂယာမှ ဆုတောင်းပြည့် အေးချမ်းအောင်မြေ အုတ်ခွက်ဘုရားကို အိမ်မှာ ပင့်ဆောင်ပူဇော်ပြီး သံဃာတော်များကိုလည်း ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဝတ္တုငွေများလည်း ကပ်လှူခဲ့တယ်လို့ သိရပါတယ်..။

အုတ်ခွက်ဘုရား ပင့်ဆောင်ပူဇော် ကုသိုလ်ယူအလှူပွဲလေးကို အနုပညာရှင်မိတ်ဆွေသူငယ်ချင်းများ လာရောက်ခဲ့ကြပြီး ပရိသတ်တွေကိုလည်း မည်သူမဆို လာရောက်ဖူးမြော်နိုင်ကြောင်း ကြေညာထားပါသေးတယ်..။

အိမ်မှာ အုတ်ခွက်ဘုရားပင့်ဆောင် ပူဇော်ခဲ့တဲ့အကြောင်းကို ဖြိုးလေးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“အိမ်တက်မင်္ဂလာအခါတော် နှင့် အေးချမ်းအောင်မြေ အုတ်ခွက် ဘုရား

အိမ်တွင်ပင့်ဆောင် ပူဇော်ခြင်း အမှတ်တရ..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ခင်မင်ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းများနဲ့ ပရိသတ်တွေကလည်း သာဓုခေါ် ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

ချစ်သူသက်တမ်း (၂)နှစ်ကျော်ပြီဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလေးကတော့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင် ဆယ်လီစုံတွဲတွေထဲက တစ်တွဲအပါအဝင်ပါပဲ..။

လိုက်ဖက်ညီပြီး အမြဲအတူရှိနေတဲ့ သူတို့စုံတွဲလေးကတော့ ကုသိုလ်ယူလှူဒါန်းမှုတွေကိုလည်း နှစ်ယောက်အတူ ပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်..။

လတ်တလောမှာလည်း သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ထားပြီး အနုပညာလုပ်ငန်းတွေကိုလည်း ကိုယ်စီ ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

Source - ဖြိုးလေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။