ပရိတ်သတ်ကြီးရေ အနုပညာလောကထဲက သာမန်နဲ့မတူတဲ့ ပန်းရိုင်လေးတစ်ပွင့်နဲ့မိတ်ဆက်ပေးချင်တယ်။သူမကတော့ ကြည်လင်တဲ့မျက်ဝန်းလေးနဲ့တောက်ပနေပြီး ချိုသာတဲ့အပြုံးလေးတွေနဲ့ ချစ်ဖို့ကောင်းလှတဲ့ ထက်ထက်အိမ့်ပဲဖြစ်ပါတယ်။ Myanmarload ပရိတ်သတ်ကြီးထဲမှာလည်း သူမကိုသိကြတဲ့ ပရိတ်သတ်တွေများစွာရှိကြမယ်လို့ထင်ပါတယ်။


ထက်အိမ့်ကတော့ လက်ရှိမှာ photo model အပြင်အခြားအနုပညာလုပ်ငန်းများစွာကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။တခါတရံပွဲလေးတွေမှာလဲ show ရှောက်တတ်တဲ့သူမကတော့ ကိတ်ကိတ်လေးနဲ့ချစ်ဖို့ကောင်းလှပါတယ်။ပြုံးရယ်နေချိန်ပဲဖြစ်ဖြစ် ရုပ်တည်နေတဲ့အချိန်ပဲဖြစ်ဖြစ် သူမရဲ့မျက်နှာလေးဟာ လမင်းလေးပမာ မြင်တွေ့ရသူတွေရဲ့မျက်ဝန်းအိမ်ကို အေးချမ်းမှုတွေပေးစွမ်းနိုင်လောက်ပါတယ်။

ထက်အိမ့်ကတော့ ဂျူးဂျူးသစ္စာရဲ့သူငယ်ချင်းအရင်းအချာလဲဖြစ်သလို ဂျူးဂျူးရယ်သံစဉ်သစ္စာရယ်နှင့်အတူ သူမက VIP girl band ဆိုတဲ့အမျိုးသမီး band လေးတစ်ခုကိုလဲဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ တခါတရံနယ်ဘက်မှာပါ show လေးတွေလိုက်ဆိုနေပြီး အသံလေးကလဲသာယာနာပျော်ဖွယ်ကောင်းလှပါတယ်။ သူမကိုချစ်တဲ့ သူမရဲ့အနုပညာကိုမြတ်နိုးတဲ့ ပရိတ်သတ်ကြီးအတွက် ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

Myanmarload


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။