ပြည်သူချစ်ဂီတလောကရဲ့ ကြယ်ပွင့်တစ်လုံးဖြစ်တဲ့ အဆိုတော်လင်းလင်းကို ပရိသတ်များ ကြိုက်ကြမယ်ထင်ပါတယ်။ မကြာသေးမီက ချစ်သမီးလေး ခေတ်နဲ့သစ်ရဲ့ ပုံရိပ်တွေကို တက်တူးထိုးခဲ့တာ တွေ့ရပါတယ်။ ဒီကနေ့လည်း နားမလည်တဲ့ စကားလုံးတစ်လုံးရဲ့ အဖြေကို သိရှိခဲ့ရကြောင်း သိရပါတယ်။  

ဒီကနေ့ လင်းလင်းကတော့ သူ့ရဲ့ လူမှုစာမျက်နှာပေါ်တွင် တင်ထားခဲ့တဲ့ စာသားလေးကတော့ " ကျနော်ခေါင်းစားနေတဲ့ မြန်မာစကားလုံးလေးတစ်ခု ရှိတယ်,,, 'မိဘ' တဲ့ ,,, ဘာဖြစ်လို့ 'မိ' က ရှေ့ရောက်နေတာလဲပေါ့,,,, အခုတော့ ကျနော် သဘောပေါက်သွားပြီ,,, ကျနော့်ရဲ့မိန်းမ ချစ်ဇနီးလေးက မမြင်မတွေ့နိုင်တဲ့ ဘာသာစကားတွေနဲ့ ရှင်းပြလိုက်တာကိုး,,,, Happy anni ပါ မိန်းမရေ,,," ဟူ၍ တင်ထားတာတွေ့ရပါတယ်။ ချစ်ဇနီးဖြစ်သူ မင်းသမီး ချစ်သုဝေနဲ့ ဒီကနေ့လေးက လင်းလင်းတို့မိသားစုရဲ အလွန်ပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်နေတာ တွေ့ရပါတယ်။ အဆိုပါစာကို ရေးသားပုံနဲ့ ပတ်သက်ပြီး လင်းလင်းကတော့ ရှင်းလင်းထားတာကို လည်းတွေ့ရပါတယ်။ လင်းလင်းရေးသားပုံကတော့ "ဤစာအား ကျွန်ုပ်သည်

'မိသားစုဘဝ အရေးတော်ပုံ အောင်ရမည်'

'မိသားစုဘဝ တော်လှန်ရေး အောင်ရမည်' ဟု ပါးစပ်ကသုံးခါရွတ်

ဖနောင့်သုံးချက်ပေါက်၍ ရေးလိုက်သည် " ဟူ၍ရေးသားခဲ့ခြင်းနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင်မင်းသမီး ချစ်သုေ၀ တို့ ကတော့ လက်ရှိပျော်ရွှင်စရာမိသားစု ဘဝလေးပိုင်ဆိုင်ထားတဲ့ သူတွေလည်းဖြစ်ပါတယ်။

မိသားစုရဲ့ ဖခင်ကောင်းတစ်ယောက် ပီပီသသထမ်းဆောင်နေသူတစ်ဦး ဖြစ်တဲ့ လင်းလင်းကတော့ ဒီကနေ့ ချစ်ဇနီးနဲ့ ပျော်ရွှင်စရာနှစ်ပတ်လည်နေ့ကလေးလည်းဖြစ်ကြောင်းလည်း သိရပါတယ်။ ပရိသတ်ကြီးအတွက် ခေတ်နဲ့ သစ်ရဲ့ ဖေဖေကြီး ချစ်သုဝေရဲ့ ချစ်ခင်ပွန်းဖြစ်တဲ့ အဆိုတော်လင်းလင်းအကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

Source - Htwe Lynn Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။