ဘောလုံးလောကနေ အနားယူထားတာကြာပြီဖြစ်တဲ့ အင်္ဂလန်ဘောလုံးအသင်းကပ်ပတိန်ဟောင်း ဒေးဗစ်ဘက်ခမ်း ကတော့ သူ့ရဲ့ မိသားစုနဲ့အတူ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်တော့မှာဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ်။

အသင်းကြီးတွေမှာ ပါ၀င်ကစားခဲ့ဖူးတဲ့ ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဘက်ခမ်း ဟာ အမေရိကန်နိုင်ငံက Miami(မီယာမီ) မြို့လေးမှာ Miami ဆိုတဲ့ ကိုယ်ပိုင်ဘောလုံးအသင်း ထောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့်လည်း သူ့ရဲ့ဘေးနားမှာ အားပေးဖို့အတွက် မိသားစုကပါ လိုက်နေပေးမှာဖြစ်တယ်လို့သိရပါတယ်။ ဇနီးဖြစ်သူ ဗစ်တိုးရီးယားဘက်ခမ်းကတော့ လက်ရှိနေထိုင်တဲ့ လန်ဒန်မှာ ကလေးတွေက ကျောင်းတက်နေဆဲဖြစ်တာမို့ကလေးတွေနဲ့ ကျန်ခဲ့ရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိသားစုဝင်တွေဟာ အားလပ်ရက်တွေမှာတော့ ဘက်ခမ်းဆီကို လာနေမှာဖြစ်တယ်လို့ ဇနီးဖြစ်သူဗစ်တိုးရီးယားက ဆိုပါတယ်။

ဘက်ခမ်းကတော့ “ ကျွန်တော့်ရဲ့ ဇနီးနဲ့ ကလေးတွေကို ကျေးဇူးတင်ပါတယ် ကျွန်တော်ဘဝရဲ့ အတက်အကျ အချိန်တိုင်းမှာ ဘေးနားမှာအမြဲရှိနေပေးလို့ပါ” လို့ အင်တာဗျုးတစ်ခုမှာဖြေခဲ့ပါတယ်။

ဘက်ခမ်းဟာ ဇနီးဖြစ်သူ SpiceGirl အဖွဲ့ဝင်ဟောင်းအဆိုတော် ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ သားသမီးတွေအပေါ် တာဝန်ကျေတဲ့ဖခင်ကောင်းဖြစ်တာကြောင့် သူတို့မိသားစုလေးကို စိတ်ဝင်စားအားကျနေသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

ဘက်ခမ်းတို့ဇနီးမောင်နှံမှာ သား(၃)ယောက် သမီးလေး(၁)ယောက် နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားရတာဖြစ်ပြီး ဘက်ခမ်းတို့ဇနီးမောင်နှံ ရဲ့ ချမ်းသာကြွယ်ဝမှုကလည်း ဟောလိ၀ုဒ်မှာတော့ မျက်နှာဖုံးတွေအဖြစ်သတ်မှတ်ခံထားရပါတယ်။

UNICEF ရဲ့ သံတမန်တစ်ဦးဖြစ်တဲ့ ဘက်ခမ်းကတော့ အခုလို ဘောလုံးအသင်းထောင်လိုက်တာဟာ စီးပွားရေးတိုးချဲ့လိုက်တဲ့ အမျှော်မြင်ကောင်းတစ်ရပ်ဖြစ်ပါတယ်။

ဘက်ခမ်းတို့မိသားစုလေးကို အားကျသွားပြီလား။  

the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။