တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချော တစ်လက်ဖြစ်တဲ့ လီမင်ဟိုကတော့ တောင်ကိုရိးယားနိုင်ငံမှာသာမက အာရှနိုင်ငံ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း လီမင်ဟိုရဲ့ တရားဝင် Fan Club ဖြစ်တဲ့ “Minoz” ဟာ မိဘမဲ့ကလေးငယ်တွေအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

မိဘမဲ့ကလေးငယ်များအတွက် ဆန်အိတ်တွေ လှူဒါန်းမှုကို မကြာသေးခင်ကပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

(၂၀၁၈)ခုနှစ် ဖြောင်းချန်း ဆောင်းရာသီအိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ်ကို ထောက်ခံတဲ့အနေနဲ့ ဆန်တန်ချိန် (၂၀ - ကီလိုဂရမ်) ရှိတဲ့ ဆန်အိတ်(၅၀)ကို ကလေးတွေအတွက် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်..။

အဲ့ဒီလှူဒါန်းမှုကိုလည်း Fan Club အနေနဲ့ မင်းသား လီမင်ဟိုရဲ့ နာမည်အောက်မှာပဲ ပြုလုပ်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

အဲ့ဒီအလှူလေးနဲ့ ပတ်သက်ပြီးတော့လည်း မင်းသား လီမင်ဟိုရဲ့ အေဂျင်စီက “ကိုရီးယားနဲ့ နိုင်ငံတကာက ပရိသတ်တွေရဲ့ ဒီလှူဒါန်းမှုကို ကောင်းမွန်စွာ အသုံးပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်..” ဆိုပြီး ပြောကြားခဲ့ပါတယ်..။

ဒီလိုလှူဒါန်းမှုတွေကတော့ မင်းသားချောလေး မင်းသား လီမင်ဟိုနဲ့ သူ့ Fan Club “Minoz” အဖွဲ့ရဲ့ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး..။

မင်းသားချောလေး လီမင်ဟို ကိုယ်တိုင်ကလည်း ကိုရီးယားနိုင်ငံ ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာလည်း လှူဒါန်းမှုတွေ တော်တော်များများ ပြုလုပ်ခဲ့ပြီးတာလည်း ဖြစ်ပါတယ်..။

Source - KStarLive

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။