နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းစုဦးတစ်ယောက် အိန္ဒိယမင်းသမီးနဲ့တွဲဖက် ပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်တွေကို အမြဲလိုလိုတင်ဆက်ပေးနေတဲ့ ချစ်စဖွယ် မင်းသမီးလေးတစ်လက် လည်း ဖြစ်ပါတယ်။ သူမဟာ အောင်မြင်တဲ့မင်းသမီး တစ်လက် ဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပြည့်ပြည့်ဖောင်းဖောင်း ပုံစံလေးကြောင့် ပရိတ်သတ်တွေက ချစ်ခင် အားပေးခဲ့ကြတာ ပဲဖြစ်ပါတယ်။ သူမရဲ့အနုပညာသက်တမ်းဟာလည်း နှစ်အချို့ရှိ ခဲ့ပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမက Doom 3 ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာမှာ ပါဝင်သရုပ်ဆောင်ထား တဲ့ အိန္ဒိယမင်းသမီးနဲ့ ရုပ်ရှင်တွဲဖက်ရိုက်ကူးဖို့ ရှိတယ်လို့ဆိုပါတယ်။ မင်းသားကတော့ နေတိုးဖြစ်ပြီး မင်းသမီးကတော့ နန်းစုဦးနဲ့ အိန္ဒိယမင်းသမီးတစ်လက်ဖြစ်ပါတယ်။ ဇာတ်ကားကတော့ International ဆန်ဆန်ရိုက်ကူးမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုကမ်းလှ မ်းခံရတာပထမဆုံးဖြစ်ပြီး သူမအနေနဲ့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ လည်းဆိုပါတယ်။ ဇာတ်ကားရိုက်ကူးဖို့အတွက် ဒီလကုန်မှာ ရုပ်ရှင်ဒါရိုက်တာအစည်းအဝေးရှိတယ်လို့ဆိုပါ တယ်။ မြန်မာနိုင်ငံမှာပဲရိုက်ကူးဖြစ်မှာပါလို့လည်းဆိုပါတယ်။

ဇာတ်လမ်းကိုလည်းသဘောကျတာကြောင့် လက်ခံဖြစ်တာလို့ဆိုပါတယ်။ အိန္ဒိယ မင်းသမီးကလည်း ကမ္ဘာကျော် Doom 3 ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ် တယ်လို့ဆိုပါတယ်။ သူမအနေနဲ့ကလည်း မြန်မာနိုင်ငံက မင်းသမီးတစ်လက်ဖြစ်တာ ကြောင့် အိန္ဒိယမင်းသမီးကို Welcome ပါဆိုပြီး Interview တစ်ခုမှာဖြေကြားခဲ့ပါတယ်။ အမိုက်စားမင်းသားမင်းသမီးတွေ ထိပ်တိုက်တွေ့ဆုံမယ့် ဒီဇာတ်ကားကတော့ ပရိတ်သတ် တွေကို ဘယ်လိုဆွဲဆောင်မလည်းဆိုတာတော့ စိတ်ဝင်စားစရာကောင်းပါတယ် ပရိတ်သတ်ကြီးရေ။

Source - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။