SUZUKI CUP 2016 ဆီမီးဖိုင်နယ်ဘောလုံးပွဲစဉ်တွင် ဆူပူရမ်းကားသူများ

အား သတိပေးဆုံးမပြီး လက်မှတ်များကိုအမြတ်တင်၍ မှောင်ခိုရာင်းချသူများနှင့်

ဓားလက်နက်များသယ်ဆောင်သူများကို အမှုဖွင့်အရေးယူ

၄.၁၂.၂၀၁၆ ရက်နေ့ ၁၈၀၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏလူငယ်

အားကစားလေ့ကျင့်ရေး စခန်းဘောလုံးကွင်း၌ SUZUKI CUP 2016

ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာနိုင်ငံလက်ရွေးစင် ဘောလုံးအသင်းနှင့်

ထိုင်းနိုင်ငံလက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲ၌

သင်္ဃန်းကျွန်းမြို့နယ်နေ ဇော်လတ်ပါ ကျား(၅)ဦး၊ မ(၃)ဦးတို့မှ ဘောလုံးပွဲ

လက်မှတ်များကို အမြတ်တင်၍ မှောင်ခိုရောင်းချခဲ့ကြသဖြင့် သင်္ဃန်းကျွန်း

မြို့မရဲစခန်းတွင် ရန်ကုန်ရဲအက်ဥပဒေပုဒ်မ-၄၁(၁၄)/ ၄၁(၁၆) ဖြင့် အရေးယူ

ဆောင်ရွက်ခဲ့ရာ ၅.၁၂.၂၀၁၆ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ

ထောင်ဒဏ်(၇)ရက်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။

ဘောလုံးပွဲကစားစဉ်အချိန်၌လည်း ဆူပူရမ်းကားမှုများပြုလုပ်ခဲ့သည့်

ကြည့်မြင်တိုင်မြို့နယ်နေ ရာဇာပါ(၂၄)ဦးတို့အား ၂၁၀၀ အချိန်တွင်

အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်း

တွင် တွေ့ဆုံ၍ ဆုံးမစကားပြောကြားခဲ့ပြီး ၎င်းတို့အား မိဘအုပ်ထိန်းသူ

၂ ဦးစီဖြင့် ခံဝန်ပြုလုပ်၍ အုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်း

အပ်နှံပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဘောလုံးပြိုင်ပွဲပြီးဆုံးသည့် ၁၉၅၀ အချိန်တွင် ဘောလုံးကွင်းလုံခြုံရေး

တာဝန်ကျတပ်ဖွဲ့ဝင်များမှ ဘောလုံးကွင်း Main Gate အဝင်ပေါက်တွင်

ကိုယ်ပိုင်ယာဉ်ဖြင့် တုတ်၊ ဓားလက်နက်များ သယ် ဆောင်လာကြောင်း

သတင်းအရ ၎င်းဂိတ်အနီးတွေ့ရှိသော 9C---- Crown ကိုယ်ပိုင်ယာဉ်

အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် စမ်းချောင်းမြို့နယ်နေသူများဖြစ်သည့်

ယာဉ်မောင်း ဦးဝင်းနိုင်၊ (၅၅)နှစ်၊ ဝေဖြိုးဦး၊ (၂၁)နှစ်၊ ထက်အောင်လှိုင်၊

(၂၁)နှစ်၊ လှမင်းထွန်း၊ (၂၀)နှစ်၊ ရန်နောင်ထွန်း၊ (၁၉)နှစ်နှင့် စည်သူ(ခ)

စည်သူအောင်၊ (၂၆)နှစ်တို့အားတွေ့ရှိရပြီး ယာဉ်အတွင်းမှ အရိုးအသွား

(၁၂)လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့် ဓားအိမ် ၁ခု၊ အရိုးအသွား(၈)လက်မ

ခန့်ရှိဓားဦးချွန် ၁ ချောင်း၊ လေးခွ ၁ လက်၊ လောက်စာလုံး(၂၉)လုံးတို့အား

တွေ့ရှိသိမ်းဆည်းရမိသဖြင့် ၎င်းတို့အား သင်္ဃန်းကျွန်းမြို့မရဲစခန်း

(ပ)၁၂၆၂/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ-၁၉(င)ဖြင့် အမှုဖွင့်အရေးယူ

ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။