ပရဟိတမင်းသားကိုဝေဠုကျော်ကတော့ မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို လူအင်အား ငွေအင်အားနဲ့ သူတတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီနေတာ ပရိတ်သတ်ကြီး အသိပဲဖြစ်မှာပါ ။ မင်းသားလို့ မထင်ရလောက်အောင် ခက်ခဲတဲ့ ခရီးလမ်းတွေကို ကြမ်းတမ်းစွာဖြတ်ကျော်ပြီး အကူအညီလိုအပ်သူတွေကို အကူအညီများပေးလေ့ရှိတာမို့

ပရိတ်သတ်တွေရဲ့ ချစ်ခင်လေးစားခြင်းကို ခံယူထားရသူလဲဖြစ်ပါတယ် ။ 

ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ အတူ ပရဟိတတွေ ပြုလုပ်တဲ့ သူက ပိုပြီး ထိထိရောက်ရောက် အကူအညီတွေ ပေးနိုင်ဖို့ အနုပညာအလုပ်တွေနဲ့ ပရဟိတအလုပ်တွေနဲ့ အပြင် ပြင်ပစီးပွားရေးတစ်ခုပါ ထပ်တိုးလုပ်ဆောင်ထားတယ်လို့ သိရှိရပါတယ် ။ အဆိုပါစီးပွားရေးကတော့ WLK ဆိုတဲ့ နာမည်နဲ့ ဆိုင်ကယ် များကို တင်သွင်းရောင်းချတာပါ ။ ယောကျာင်္းလေးအများစုက ဆိုင်ကယ်စီးရတာ ကြိုက်နှစ်သက်တာမို့ WLK ဆိုင်ကယ်တွေကို ယောကျာင်္းလေးတွေတော်တော်များများက စိတ်ဝင်စားကြပါတယ် ။ 

ခုလည်း ကိုဝေဠုကျော်နဲ့ သူ့အဖေဖြစ်သူက WLK ဆိုင်ကယ်လေးတွေနဲ့ အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေထွက်ပေါ်လာတာမို့ ပရိတ်သတ်တွေက မြင်ရခဲတဲ့ ကိုဝေဠုကျော်ရဲ့ အဖေကို လဲ မြင်ရ သူတို့စိတ်ဝင်စားတဲ့ ဆိုင်ကယ်လေးတွေကိုလည်း ကြည့်ရတာမို့ အဲဒီပုံလေးတွေကို သဘောကျနေကြလေရဲ့ ... ကိုဝေဠုကျော်အဖေက နုပျိုလိုက်တာလို့လည်း ၀ိုင်းပြောနေကြပါတယ် ။ Myanmarload က ကိုဝေဠုကျော် ပရိတ်သတ်တွေအတွက် သူတို့သားအဖရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ... 

သတင်းအရင်းမြစ် Wai Lu Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။