Money Changer တွင် ငွေလဲလှယ်မည်ဟုပြောဆိုကာ ဆိုင်ရှိငွေများနှင့်

အမေရိကန်ဒေါ်လာများအား လုယက်ခဲ့မှုမှ ပြစ်မှုကျူးလွန်သူများအား

တွေ့ရှိပါက သတင်းပေးကူညီနိုင်ပါရန် အသိပေးဖော်ပြခြင်း

၃.၁၂.၂၀၁၆ ရက်နေ့ ၁၄၂၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း

မြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်း၊ မြေညီထပ်ရှိ Money Changer ၌

လူငယ်အမျိုးသား ၂ ဦးဝင်ရောက်လာပြီး မြန်မာငွေကျပ် ၂ သိန်းဖိုးခန့်

အမေရိကန်ဒေါ်လာနှင့်လဲလိုကြောင်းပြောဆိုကာ ငွေနှင့် ပစ္စည်းများ

လုယက်ယူဆောင်သွားခဲ့သဖြင့် စမ်းချောင်းမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၆၊

ရာဇသတ်ကြီးပုဒ်မ ၃၉၂/၄၂၇/၁၁၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများ

အား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါပြစ်မှုကျူးလွန်သူ ၂ ဦးအနက် အသားညို၊ အရပ်ပု၊ ဆံပင်ပါး၊ ခပ်ဝ၀

လူငယ်အမျိုးသားမှာ ဝဲဘက်ခြေထောက်မသန်သဖြင့် လမ်းလျှောက်သည့်အခါ

တွင် ပုံမှန်မဟုတ်ကြောင်းသိရှိရပါသည်။

ပြစ်မှုကျူးလွန်သူ ၂ ဦးအား ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဖမ်းဆီး

လျက်ရှိရာ ပြည်သူများအနေဖြင့် လည်း ၎င်းတို့အားတွေ့ရှိပါက အောက်ပါ

ဖုန်းနံပါတ်များသို့ သတင်းပေးကူညီခြင်းဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင်

ကူညီဆောင်ရွက်ပေးနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်-

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၁၉၉၊ ၀၁ ၂၃၂၃၁၉၉

အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆

စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၃၅၉၀၅

စမ်းချောင်းမြို့မရဲစခန်း - ၀၁ ၅၃၅၁၈၄

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။