Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာဂိမ်းကစားခြင်းကိုတိုက်ရိုက် ထုတ်လွှင့်ပေးတဲ့ ကစားသူများကို Tip ပေးနိုင်တဲ့ အစီအစဉ်ကိုပြုလုပ်ပေး မှာ ဖြစ်ပါတယ်။ ဒါဟာဂိမ်းကစားခြင်းကိုအွန်လိုင်းမှာတိုက်ရိုက်ပြသတဲ့ Amazon’s Twitch နဲ့ Google’s YouTube တို့ကိုယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့မှာ Facebook က Gaming Creator Pilot Program ကိုဘလော့ဆောင်းပါးတစ်ခုမှာကြေညာလိုက်ပါတယ်။ အဲဒီဆောင်းပါးမှာအစီအစဉ်ရဲ့ လုပ်ဆောင်ချက် အသစ်များနဲ့ ပါဝင်ခွင့် လျှောက်လွှာလည်းပါပါတယ်။ 

ဂိမ်းဖန်တီးသူများဟာ Facebook ရဲ့ အစီအစဉ်မှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ဒီအစီအစဉ်မှာ ပါဝင်ထားကြတဲ့ ဂိမ်းဖန်တီးသူများက Facebook ရဲ့ အစီအစဉ်ကို ဝိုင်းပြီး ကြော်ငြာပေး ခဲ့ပါတယ်။ ဘလော့ဆောင်းပါးမှာ Facebook က “လုပ်စရာအလုပ်တွေကတော့ အများကြီးကျန်ပါသေးတယ်။ ဒါပေမယ့် ဂိမ်းဖန်တီးသူတွေအတွက် အခြေခံအဆောက်အဦကိုတည်ဆောက်မှာ ဖြစ်ပါတယ်။ ဂိမ်းဗီဒီယို များအတွက် လုပ်ဆောင်ချက် အသစ်များကိုလည်းဖန်တီးမှာ ဖြစ်ပါတယ်။” လို့ ရေးသားထားပါတယ်။

လက်ရှိမှာတော့ ဂိမ်မာများဟာ Twitch လို ဝန်ဆောင်မှုများမှာ ဂိမ်းကစားခြင်းကိုတိုက်ရိုက် ထုတ်လွှင့်ပြီး ဝင်ငွေ ရရှိနေကြပါတယ်။ Facebook ကတော့ ဒီလို ဝန်ဆောင်မှုကို ပံ့ပိုးပေးဖို့ အခုမှ စတင် ကြိုးစားနေတာဖြစ်ပါတယ်။ Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာ ဂိမ်းကစားခြင်းကိုတိုက်ရိုက် ထုတ်လွှင့်သူများအား ကြည့်ရှုနေသူများက ဆုငွေပေးနိုင်တဲ့ အစီအစဉ်များဖြင့်လည်းစွဲဆောင်မှာ ဖြစ်ပါတယ်။

Source : Mobile Guide ( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။