ကလေးယူဖို့ကြိုးစားနေတယ် ဆိုတဲ့ အဆိုတော် ယုဇန

မြန်မာ့နာမည်ကြီး တေးသံရှင်တွေထဲမှာ ယုဇန ဆိုတာ ချန်လှပ်ထားလို့မရတဲ့ အဆိုတော် တစ်ယောက်ပါ။ စူးရှပြတ်သတ်တဲ့ အသံချိုချိုလေးတွေနဲ့အတူ အနှစ်သာရပြည့်ဝတဲ့ သီချင်းတွေကြောင့် ပရိသတ်အခိုင်အမာရဲ့ အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်ပိုင်း oversea သွားခဲ့တာမို့ အနုပညာအလုပ်တွေ လုပ်ကိုင်မှုနည်းပါးနေခဲ့ခြင်းဖြစ်ပြီး MC ကလုပ်တဲ့ အင်တာဗျူးတစ်ခုမှာတော့ သူမရဲ့ ကလေးယူမယ့်ကိစ္စနဲ့ ပတ်သတ်ပြီး ယခုလိုပဲပြောပြသွားခဲ့ပါတယ်။

"ဖေဖဝါရီဆို အိမ်ထောင်သက် ၈ နှစ်ရှိပြီပေါ့နော်။ အရှေ့မှာ ၆ နှစ်ကျော်ကျော်လောက်က အမတို့ကလေးမယူခဲ့တာပေါ့။ အမတို့ Oversea ရောက်နေတာလည်းပါတယ်။ ကလေးယူဖို့တော့ကြိုးစားနေတယ်။ လောလောဆယ်တော့ ကလေးမရသေးဘူးပေါ့နော်။ အိမ်ထောင်တစ်ခုမှာ ကလေးရှိရင်ပိုပြီးပြည့်စုံတယ်လို့လည်း တစ်ချို့ကပြောကြတယ်။ တစ်ချို့ကလည်း ကလေးမယူကြဘူးပေါ့။ ဒါကတော့ ကိုယ့်ရဲ့ စိတ်ခံစားမှုပေါ်မှာပဲ မူတည်ပါတယ်။ အိမ်ထောင်တစ်ခု သာယာဖို့ဆိုတာကတော့ အဓိက တစ်ယောက်နဲ့တစ်ယောက် တကယ်မေတ္တာစစ် မေတ္တာမှန်နဲ့ချစ်တယ်ဖို့ပဲ အဓိကလိုအပ်တာပါ။ အမကတော့ ကလေးချစ်တယ်။ ကလေးယူဖို့လည်း ကြိုးစားနေတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကလေးမရသေးဘူးပေါ့။ အမအတွက်တော့ လောလောဆယ် ခက်ခဲနေတယ်။ ဆုတောင်းပေးပါဦးပေါ့……" ဆိုပြီး ပြောပြသွားပါတယ်။

ယုဇန အတွက် ဆုတောင်းပေးကြပါဦး ပရိသတ်ကြီးရေ……

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။