ကျွန်တော့်ကို အသိမိတ်ဆွေတွေပရိသတ်တွေ က

လတ်တလောဖြစ်ပေါ်နေတဲ့ ပြသာနာအပေါ်ဖြေရှင်းချက်ထုတ်သင့်ပြီလို့ အစောပိုင်းထဲက အကြံဉာဏ်ပေးကြပါတယ်...

ဒါပေမဲ့ ဒီပြဿနာဟာအခုမှ ဖြစ်တဲ့ပြဿနာမဟုတ်သလို လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖြေရှင်းလိုစိတ်လုံးဝမရှိတဲ့အတွက် (၂၀၁၆ ) ခုနှစ် ဇန္နဝါရီ (၁) ရက်နေ့မှာနိုင်ငံပိုင်သတင်းစာများတွင် ကျွန်တော့် ရှေ့နေ ဦးနေလ ကကြေငြာချက်များနှင့်တစ်ကွရှင်းလင်းပြီးဖြစ်တယ် (ကြေငြာချက်ကိုမဖတ်ရသေးသူတွေအတွက် ပြန်ဖတ်နိုင်ဖို့ ကျွန်တော်တင်ထားပါတယ် လင်ငယ်နေတယ် ဖောက်ပြန်တယ်ဆိုတဲ့စကား ပါ ,မပါ ကိုယ်တိုင်သာဖတ်ရှု နားလည်ကြပါ)

ထိုကြေငြာချက်အပေါ် မကျေနပ်၍ လည်း တစ်ဖက်မှ ကျွန်တော့်အား ပြန်လည်ကြေငြာခဲ့တယ် ကျွန်တော်ဟာ မြန်မာနိုင်ငံမှာ လက်ထပ်စာချုပ်ပေါ်လက်မှတ်ထိုးထားတဲ့အတွက် အမေရိကန်နိုင်ငံမှာကွာထားခြင်းဟာ အရာမရောက်ဘူး အဲ့ဒီ့အတွက် ကျွန်တော် မိန်းမထပ်ယူရင်၊ ကျွန်တော်မိန်းမတစ်ယောက်နဲ့အတူနေရင် ကျွန်တော့်ကို တရားဥပဒေအရ အရေးယူဆောင်ရွက်မယ်ပေါ့ ဒါပါပဲ အဲဒါ တစ်ဖက်က တုန့်ပြန်မှု ..

ကျွန်တော့်ဘက်ကတော့ ဒီကိစ္စမှာ ထပ်ပြီး သူတို့ဘက်ကို တုန့်ပြန်စရာမလိုဘူးလို့ဆုံးဖြတ်ခဲ့တယ် အမေရိကန်ပြည်ထောင်စုမေရီလင်းပြည်နယ် Montgomery county တရားရုံးမှာ ကွာရှင်းထားပြီးသားမို့ ရှင်းလင်းပြီးသားကိစ္စတစ်ခုအတွက်ဘာမှ ထပ်ဆောင်ရွက်စရာမလိုဘူးလို့ယူဆတယ်..

ကျွန်တော့်ကို သိက္ခာကျအောင် တိုက်ခိုက်နေမှုအပေါ်တရားစွဲဆိုနိုင်တဲ့အခြေအနေတွေအများကြီးရှိပေမဲ့ကျွန်တော့်သမီးလေးကို ငဲ့ညှာပြီး ဆက်မတုန့်ပြန်ခဲ့ဘူးကျွန်တော် မှန်တဲ့အတိုင်း ကျွန်တော် ဆက်နေတယ် တစ်ဖက်က မှန်တယ်ထင်ရင်ကျွန်တော့်ကို တရားစွဲနိုင်တယ် ..

ဒီလိုပဲ သဘောထားခဲ့တယ် ကျွန်တော့်သမီးနဲ့ပါတ်သက်ပြီး အားလုံးက ကျွန်တော့်ကို သမီးမွေးထားပြီးဂရုမစိုက်ဘူး သမီးမျက်နှာမထောက်ဘူးပြောချင်ကြမယ် ဘယ်မိဘမဆို ကိုယ့်သားသမီးအပေါ်တာဝန်ကျေအောင် ထားချင်သူတွေချည်းပါပဲ ..

ဘယ်လိုမှအဆင်မပြေတဲ့ အိမ်ထောင်ရေးတခုကို ငယ်ငယ်ကတည်းက ကျွန်တော့်သမီးမသိအောင်ဟန်ဆောင်နေခဲ့ပါတယ် နောက်ဆုံးကျွန်တော့်သမီးကိုယ်တိုင် 911 ခေါ်ပြီး "My Mum is trying to kill my Dad" ဆိုပြီး ရဲတိုင်ရတဲ့ အခြေအနေကို ကျွန်တော့်သမီး နားလည်မယ်ထင်ပါတယ် ..

ကျွန်တော့်သမီး မြန်မာနိုင်ငံမှာရှိစဉ်အချိန်တွေမှာ ကျောင်းလခနဲ့သမီးလိုအပ်တဲ့အရာမှန်သမျှ ကျွန်တော်နဲ့ကျွန်တော့်အဖေ အမြဲတာဝန်ယူခဲ့ပါတယ် ဒါပေမဲ့ ကျွန်တော်နဲ့တွေ့ခွင့်တောင်မပေးထားတဲ့အခြေအနေမှာ လာခိုးတွေ့ရတဲ့ ကျွန်တော့်သမီး စိတ်ကျဉ်းကျပ်မှာမျိုးကိုလဲ ကျွန်တော် မလိုလားပါဘူး ..

ခုချိန်ထိလဲ သမီးအတွက် ကျွန်တော်တို့ဘက်က ညှိနှိုင်းချက်တွေကို တစ်ဖက်က လက်ခံခြင်းမရှိပါဘူး ဒါတွေအသေးစိတ်ကိုကျွန်တော့်ရှေ့နေက သူ့ရဲ့ စာမျက်နှာပေါ်ကနေပြောပြပါလိမ့်မယ် ဒီလို ကိစ္စမျိုးတွေကို အမှန်တကယ်တော့ ကျွန်တော် ပြောပြလိုစိတ်လဲမရှိပါဘူး ကျွန်တော်ဟာ အနုပညာကိုချစ်မြတ်နိုးတဲ့သူ၊ စိတ်အေးချမ်းသာနေချင်သူမို့ ကျွန်တော့်ပရိသတ်ကို အနုပညာနဲ့ပဲ စိတ်အေးချမ်းမှုပေးချင်ပါတယ် ..

ကျွန်တော်ယောကျာ်းတစ်ယောက်မို့ မိန်းမတစ်ယောက်ရဲ့ အခြေအမြစ်မရှိတဲ့ , သက်သေမရှိတဲ့ , စည်းလွတ်ဘောင်လွတ်ပြောတဲ့စကားတွေအပေါ် တစ်ခုခြင်းစီလိုက်ဖြေရှင်းဖို့ဆိုတာအတော်မလွယ်တဲ့ ကိစ္စပါ ..

ဒီအမျိုးသမီး သူမှန်တယ်ထင်ရင် ဥပဒေရှိတယ် တရားစွဲလိုက် ဘယ်နိုင်ငံ ဘယ်တရားရုံးကပဲစွဲစွဲကျွန်တော်ရင်ဆိုင်ဖို့အသင့်ရှိတယ်သမီးရှိတဲ့ အမေအနေနဲ့ ဒီလို ပြုမူပြောဆိုနေတာဟာ သမီးအတွက်ဖြေရှင်းတယ်ဆိုတာထက် သမီး အပေါ်စိတ်ဒဏ်ရာတွေ ထပ် ထပ်ပေးနေတယ်လို့ပဲ ကျွန်တော်ယူဆပါတယ် ..

အသေးစိပ်ကိုတော့ ရှေ့နေကပဲ တရားဥပဒေအရဆက်လက်လုပ်ဆောင်သွားမှာမို့ အတိုချုံး ပြောရရင် ဒီစကားတွေဟာကျွန်တော် မပြောချင်ပေမဲ့ ကျွန်တော့်အပြင် ဒီကိစ္စနဲ့ မဆိုင်တဲ့ တခြားအမျိုးကောင်းသမီးတွေကိုပါ ထိခိုက်စေတာမို့ပါ ..

အဓိက ပြောချင်တာကတော့ သေချာမစဉ်းစားမလေ့လာပဲအချိန်တိုအတွင်း အိမ်ထောင်တစ်ခုကိုလွယ်လွယ်ပြုခဲ့မိတဲ့ကျွန်တော့်အပြစ်ပါပဲ နောက်တစ်ခုကတော့ နေ့စဉ်ရက်ဆက် ကျွန်တော့်အမေ အပေါ် စော်ကားပြောဆိုနေခဲ့တဲ့သူကိုသည်းမခံနိုင်ခဲ့တာပါပဲ ..

ကျွန်တော့်အမေဟာ သူပြောသလို သူများသားသမီးတွေကို အပြစ်မြင်တတ်သူ မဟုတ်ပါဘူး ကျွန်တော့်အိမ်ထောင်ဖက်ရွေးချယ်ခြင်းအတွက်လည်း ဝင်မစွက်ဖက်ခဲ့ပါဘူး ကျွန်တော့ အစ်မနဲ့ ညီမ အသိဆုံးပါ (၂၀၀၁) နှစ်ကုန်ပိုင်းမှစပြီးကျွန်တော့်အမေဟာ ကွယ်လွန်ချိန်ထိ ထိုအမျိုးသမီးနဲ့စကားပြောဆိုခြင်းလုံးဝ မရှိတော့ပါ..

ကွယ်လွန်ပြီးသားကျွန်တော့်အမေကိုရောမဆိုင်တဲ့သူတွေကိုပါ အခုချိန်ထိ မမှန်စကားများနဲ့ ထိခိုက်ပြောဆိုနေတာကို ကျွန်တော် လုံးဝရှုံ့ချပါတယ် မိဘဆိုဆုံးမတဲ့သားသမီးဆို ဒါမျိုး ပြုမူပြောဆိုမယ်မထင်ပါဘူး နောက်တစ်ခု အဆိုးဆုံးကတော့ ဘယ်လောက်ပဲအိမ်ထောင်ရေး အဆင်မပြေဖြစ်နေလဲ နှမခြင်းစာနာပြီး ဘေးလူမသိအောင် သမီးစိတ်မဆင်းရဲအောင် ဟန်ဆောင်နေပေးခဲ့မိတဲ့အတွက်လဲ အခုချိန်မှာ နောင်တရမိပါတယ်..

နောက်ဆုံးပြောရရင်လွတ်လပ်ခွင့်ပေးပါတော့ဆိုပြီးအမြဲတမ်းကွာရှင်းခိုင်းခဲ့တဲ့အမျိုးသမီးဟာအမေရိကန်တရားရုံးကို ကွာရှင်းခွင့်တောင်းခဲ့ပါတယ် ကျွန်တော်က ကွာရှင်းခွင့်တောင်းတာကို မကန့်ကွက်ခဲ့သူပါ တရားရုံးက အပြီးသတ်ကွာရှင်းခွင့်ပေးခဲ့ပါတယ် ..

စာရွက်စာတမ်းတွေနဲ့ တရားရုံးပေါ်မှာ ကျမ်းကျိန်ထားတဲ့ ဒီအမျိုးသမီးအသံတွေ ကျွန်တော့ ရှေ့နေဆီမှာအကုန်ရှိပါတယ် (၂၀၁၃) ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ထဲက တစ်မိုးထဲအောက်အတူမနေတော့ပါလို့ ဒီအမျိုးသမီး တရားသူကြီးရှေ့မှာ ဝန်ခံထားပါတယ်

ကိုယ့်နှုတ်ထွက်စကားတွေအတွက်ဒီ အမျိုးသမီး တာဝန်ယူရပါမယ် ကျွန်တော် ဒီလောက်ပဲပြောချင်ပါတယ် နောက်လဲ ဒီအမျိုးသမီးနဲ့ ပါတ်သတ်ပြီး ဒီစာမျက်နှာပေါ်မှာကျွန်တော် ပြန်မဖြေရှင်းတော့ပါဘူး.

ကျွန်တော့်သမီးမျက်နှာနဲ့သည်းခံနေထိုင်မှု ပြီးဆုံးသွားပါပြီသမီးအတွက် ဘယ်လိုလိုအပ်မှုမျိုးမဆိုဖြည့်ဆည်းပေးဖို့အဆင်သင့်ရှိတယ် သမီးအပေါ် အထိခိုက်ဆုံးကင်းတဲ့ ဥပဒေ နဲ့ပဲ ရှေ့နေဦးနေလမှ ဆက်လက်ဆောင်ရွက်ပါလိမ့်မယ် သတင်းစာမှလဲ ကြေငြာဖို့ရှိပါတယ်..

ကျွန်တော်ထပ်ပြောပါမယ်ကျွန်တော်မှားနေရင်လေထဲကနေအခြေအမြစ်မရှိတဲ့စကားတွေနဲ့တိုက်ခိုက်နေမဲ့အစား ကြိုက်တဲ့တိုင်းပြည် ကြိုက်တဲ့နိုင်ငံ ကြိုက်တဲ့တရားရုံးကကျွန်တော့်ကို တရားစွဲဆိုနိုင်ပါတယ် အမျိုးကောင်းသမီးတွေသာဆိုဒီလိုပဲ လုပ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ..

#SOETHUမ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။