အိန္ဒိယမှာရှိတဲ့ Kusmawati အမည်ရ အသက် ၇၈နှစ်အရွယ်အဘွားအိုဟာ သူမငယ်စဉ်ကတည်းက သဲကိုအစားအစာတစ်ခုလို့ သဘောထားပြီး စားနေခဲ့တာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ဝမ်းဗိုက်ဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရတဲ့ Kusmawati ဟာ သဲတွေကို စတင်စားသုံးမိချိန်ကစပြီး သူမရဲ့ ဝမ်းဗိုက်ဝေဒနာဟာ တဖြည်​းဖြည်​းသက်သာလာခဲ့ပါတယ်။ အဲအချိန်ကစလို့ သူမဟာ သဲတွေကိုစတင်စားသုံးလာခဲ့ပြီး သူမရဲ့မိသားစုကလဲ သူမအတွက် နေ့စဉ် သဲစီစဉ်ပေးခဲ့ရပါတယ်။

Kusmawati ကတော့ သဲဟာသူမအတွက် ချိုပြီး အနည်းငယ်ငန်တန်တန်လေးဖြစ်တယ်လို့ ဆိုပါတယ်။ အံသြစွာနဲ့ပဲ ဆရာဝန်တွေဟာ သူမရဲ့ကျန်းမာရေးကို စစ်ဆေးတဲ့အခါမှာ ကျန်းမာစွာရှိနေပြီး သူမရဲ့ သဲအပေါ်တပ်မက်တဲ့စိတ်ကို Pica လို့ခေါ်တဲ့ အာဟာရမရှိတဲ့ အစားအစာတွေကို စွဲလမ်းနေတဲ့ စိတ်ဝေဒနာလို့ ဆရာဝန်တွေက သတ်မှတ်ပေးခဲ့ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။