Sharp သည် Android One ဖုန်းအသစ်တစ်ခုအားမိတ်ဆက်ခဲ့ပြီး Sharp Android One S3 ဖြစ်သည်။ ၎င်းသည် ကျစ်ကျစ်လျစ်လျစ် တည်ဆောက် ထားပြီးရေနှင့်ဖုန်ဒဏ်ကိုခံနိုင်ရည်ရှိခဲ့သည်။ ၎င်းတွင် MIL-STD စတိုင်လ် တုန်ခါမှုဒဏ်ခံနိုင်သော ကိုယ်ထည်ပါဝင်ပြီးအမြင့် 1.2 m မှ ကျ သည့် ဒဏ်ကိုခံနိုင်ရည်ရှိသည်။ Screen မှာ 5” အရွယ် IGZO panel ဖြစ်ပြီး Full HD (1080 p) resolution ရှိကာသင့်တင့်သောအရွယ်အစားပင်ဖြစ်သည်။ 

Snapdragon 430 ကိုသုံးထားသဖြင့် အလွန်မြန်ဆန်သော မြန်နှုန်းကိုရရှိမည်ဟုမျှော်လင့်မထားနိုင်ပေ။ Android 8.0 Oreo ကိုတစ်ပါတည်းရရှိမည်ဖြစ်ပြီး RAM 3 GB ပါဝင်ကာ storage 32 GB ပါဝင်သည်။ လိုအပ်ပါ ကလည်း micro SD ဖြင့် ထပ်မံသုံးစွဲခွင့်ကို ပေးထားသည်။ Sharp Android One S3 တွင် အဓိကကင်မရာမှာ 13 MP ဖြစ်ပြီးselfieအတွက် 5 MP ကင်မရာပါဝင်သည်။

ကြည်လင်သောပုံရိပ်များရရန် အာမခံထားပြီးအဓိကအားဖြင့် S-Pure LED backlighting ကို display တွင် သုံးစွဲထားခြင်းကြောင့်ဖြစ်သည်။ $ 300 ဝန်းကျင်ဖြင့် ဂျပန်တွင် ရောင်းချနေပြီး 2700 mAhဘက်ထရီပါဝင်၍ fingerprint scanner ပါဝင်ခြင်းမရှိချေ။မြန်မာနီုင်ငံတွင်တော့ မည်သည့်အချိန်တွင်ရောက်ရှိလာမလဲဆိုတာကိုတော့ မသိရှိသေးသော်လည်း သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် စောင့်ကြည့်သင့်တဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။  

Source : Net Guide ( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။