ကယ်ကယ် အိပ်ရာထ နောက်ကျတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကြောငြာရူတင်ကို မလာဖြစ်တော့တဲ့ ဖွေးစိန်ဟာ မနေ့က ဖေ့ဘွတ်မှာ ပွက်လောရိုက်သွားသော်လဲ သူမ ဘက်က မည်သည့် မှ မတုန့်ပြန်ဘဲနေနေရာ မှ နောက်ဆုံးတော့.....

သူမ ရဲ့ ဖေ့ဘွတ် ပေ့ချ်မှာ မနက်ခင်း မေတ္တာပို့ ဓမ္မတေး နားထောင်နေတယ်လို့ ယခုလို တင်ခဲ့ပါတယ်။

ပြီးတော့လဲ ကော့မန့်ထဲမှာ -

'ချစ် fans တို့.. လုံးဝစိတ်မပူကြပါနဲ့ နော်.. စိတ်ပူပေးကြလို့ ဖွေးကလည်းစိတ်ပြန်ပူရပါတယ်..

ဖွေးမနက်ဖြန် ပြောပါမယ်..

ဘာအမုန်းမှလည်း မပွားစေချင်ပါရှင်

Pls Stay Calm and Thx for the love...

Everything happens for a reason..

May Happiness n innerpeace be yours :* ^_^

I love you All..' ဟုလဲ သူမပရိသတ်တွေကိုပြောထားပါသေးတယ်။

ယခုဖြစ်ပျက်တဲ့ အဖြစ်အပျက်ကို ကြည့်ရမယ်ဆိုလျှင် ဖွေးဖွေး ဘက် က မှားခဲ့ တာရှိကောင်းရှိပါလိမ့်မယ် သို့သော်လည်း မတုန်လှုပ်ပဲ ယခုလိုမျိုး ပြဿနာ ကို ကောင်းကောင်း ကိုင်တွယ်သွာနိုင်တာ ချီးကျူးစရာပါ။ ပြဿနာတစ်ခုကို ချက်ချင်းမတုန့်ပြန်ပဲ ဂရုတစိုက် နဲ့ တဖက်လူကို အမုန်းမပွားအောင် ယခုကဲ့သို့ပြောကြားခြင်းဟာ တကယ်ကိုပညာသားပါ ပါတယ်။

သူမရဲ့ ပရိသတ်တွေကလဲ ထိုပိုစ့်အောက်မှာ ယခုလိုမျိုးရေးသားခဲ့ကြပါသေးတယ်။

ဟီးဟီး ဒါနဲ့ ပြောရအုံးမယ် ဖွေး ဖန် တွေ လုပ်လိုက်လို့လားတော့ သိဘူး ဟို လူကြီးရဲ့ အကောင့် လောခ်ကျသွားတယ်တဲ့။ အင်းပေါ့လေ ရင့်မှ မရင့်ကျက်သေးတာကို....

မနက်ဖြန် ဖွေးဖွေး ဘာတင်မလဲ ဆိုတာကို စောင့်ကြည့်ရအောင်နော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။