သူမကို လင်ငယ်ထားတယ်ဆိုတဲ့ ကိစ္စနှင့်ပတ်သက်ပြီး အများဝေဖန်တာကို သည်းမခံနိုင်တဲ့ မခငယ်ဟာ လူအများကြည့်ဖို့ရန်အတွက် စိုးသူနှင့် စိုးမြတ်နန္ဒာတို့ အကြောင်းနှင့် အခြားအကြောင်းတွေကို ပါ နေ့စဉ် ဗီဒီယိုတွေရိုက်ပြီးပြောပြနေပါတော့တယ်။ သူမအနေနှင့် သူမတို့ပြောတဲ့ စကားတွေမှာ အမှားပါခဲ့ရင် လာဖြေရှင်းပါဆိူပြီး စိန်ခေါ်ထားပါတယ်။

ထို့ အပြင် သူအပေါ်ကာကွယ်ပေးနေတဲ့ သူတွေကလည်းသူမကို ချစ်လို့ ပြောကြတာပါ နားလည်ပေးကြပါလို့ထည့်သွင်းပြောထားပါတယ်။ သူတို့ နှစ်ယောက်ဟာ တစ်ဘက် နှင့် တစ်ဘက် စစ်တိုက်နေသလိုပြင်းထန်နေတယ်လို့လဲပြောခဲ့ပြီး စိုးသူနှင့် စိုးမြတ်နန္ဒာတို့ ဘယ်လိုတွေ့ခဲ့ကြတယ် ဘယ်မှာတွေ့ခဲ့ကြတယ်ဆိုတာကို လဲပြောပြခဲ့ပါတယ်။ စိုးသူကိုချော့မေးတဲ့ အခါမှာတော့ စိုးမြတ်နန္ဒာဟာ သူမရဲ့ အရင်ယောက်ျားက ဆေးသုံးလို့ ဖြတ်ခဲ့တာလို့ ဆိုပြီး သူမအစ်မ စိုးမြတ်သူဇာနှင့် မတူကြောင်း အစ်မက ဆေးရောင်းသော်လည်း သူမ က အဲ့ဒီကိစ္စတွေမကြိုက်လို့ ဝေးဝေးနေခဲ့တယ်လို့လဲပြောခဲ့ပါတယ်။

သူတို့ နှစ်ယောက် စတွေ့တာကတော့ စိုးသးကို မဝါဝါ ဆိုလား မသိ အဲ့ဒီတစ်ယောက်က ထမင်းတူတူစားဖို့ ဖုန်းဆက်ခေါ်ခဲ့ပြီးစိုးမြတ်နန္ဒာကရောက်နေခဲ့တာလို့ဆိုပါတယ်။ ထို့အပြင် အစားအသောက်တွေကို ကြိုတင်မှာထားခဲ့တာတွေကို စိုးသူ ကစားခဲ့ပြီး မကြာခဏသူ့ကို မုန့်တွေလာပို့ပေးခဲ့တယ်ဆိုပြီး စိုးသူကိုယ်တိုင်က သူမကို ပြောပြခဲ့တယ်လို့ ဗီဒီယိုထဲမှာပြောကြားခဲ့ပါတယ်။ သူမက ဆက်လက်ပြီးပြောချင်သော်လည်းမင်းသမီးလည်း မဟုတ်တဲ့ အပြင် စကားတွေကို ထိန်းပြီးပြောနေရတဲ့အတွက် အဆင်မပြေလို့ဆိုပြးပြောခဲ့ပြန်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။