ဟင်းတော်တော်များများနဲ့ လိုက်ဖက်လွန်းတဲ့ သီးစုံပဲကုလားဟင်းချက်နည်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ ထမင်းစားတဲ့အခါ သီးစုံပဲကုလားဟင်းကြောင့် တကယ့်ကို ထမင်းမြိန်စေပြီး ကျန်းမာရေးအတွက်လည်း အာဟာရ ရှိပြီး ကောင်းမွန်လှပါတယ်။ သီးစုံပဲကုလားဟင်း ပါ၀င်တဲ့ အမျိုးအမည်များ အားလုံးကလည်း ကျန်းမာရေးအတွက် ကောင်းမွန် သင့်တော် လှတာမို့ ကိုယ်တိုင် ကြိုက်လို့ ဖြစ်စေ၊ ကျန်းမာရေးအတွက် မကြာခဏ ချက်စားသင့်တဲ့ ဟင်းတစ်ခွက်ပဲ ဖြစ်ပါတယ်။ 

ပါ၀င်သောပစ္စည်းများ

- ကြက်သွန်ဖြူ / နီ အနည်းငယ်

- ငရုတ်သီး အစိမ်းမှုန့်

- ချင်း၊ ပျင်းတော်သိမ်း၊ မဆလာ၊ ဇီယာ

- အာလူး အနည်းငယ်

- ဘူးသီး တစ်စိပ်

- ပဲသီး တစ်စည်း

- ဒန့်ဒလွန်သီး (၃) တောင့်ခန့်

- ရွှေဖရုံသီး တစ်စိပ်ခန့်

- ခရမ်းသီး တစ်လုံး

- ပန်းဂေါ်ဖီ အနည်းငယ်

- ရုံးပတီသီး

- ငရုပ်သီးစိမ်း အနည်းငယ်

- မကျည်းသီး အနည်းငယ်

- ကုလားပဲ တစ်ဆယ်သားခန့် 

ပြုလုပ်ပုံ အဆင့်ဆင့်

(၁) ကုလားပဲကို နူးနေသည် အထိ ပြုတ်ပါ။ ပဲစိများ ကြေသွားသည် အထိ ပြုတ်ပါ။ ပဲစိများ မကြေပါက ပဲများကို ဆယ်ထုတ်၍ ထောင်း/ ကြိတ် ခြင်း ပြုလုပ်နိုင်ပါတယ်။ (ကုလားပဲကို ညကတည်းက ရေစိမ်ပြီး မနက်ကျမှ ပြုလျှင် ခဏလေးနဲ့ နူးပါတယ်။)

(၂) ညက်ညက်ကြေနေသော ပဲအနှစ်များကို ခွက်တစ်ခုထဲကို သပ်သပ် ခပ်ထည့်ထားပါ။

(၃) ကြက်သွန်ဖြူ,နီ ဆီသပ်ပြီး နီလာလျှင် ငရုတ်သီး အစိမ်းမှုန့် ထည့်ပါ။

(၄) ဂျင်းထောင်း,ပျဉ်းတော်သိမ်း,မဆလာ,ဇီယာ ထည့်၍ အနံ့မွှေးပြီး ရွလာသည်အထိ ဆီသတ်ပါ။

(၅) အာလူး၊ ဘူးသီး၊ ပဲသီး၊ ဒန့်ဒလွန်သီး နှင့် ရွှေဖရုံသီး တို့ကို အနေတော်တုံး/ စိပ်၍ ရေစင်အောင် ဆေးပြီး ဆီသပ်ထားသော အိုုးထဲသို့ ထည့်ပါ။

(၆) ခရမ်းသီး၊ ပန်းဂေါ်ဖီ ထည့်ပါ။

(၇) ပဲအနှစ်များ ထည့်ပါ။ ရေလိုလျှင် ရေနွေး ထည့်ပေးပြီး မွှေပါ။

(၈) (ဟင်းခပ်မှုန့် ၊ ကြက်သားမှုန့်၊ အချိုမှုန့် ၊ ငံပြာရည်) စသည့်ဖြင့် အပေါ့ အငန် ထည့်ပါ။

(၉) ၁၀ မိနစ်ခန့်ထားပြီး အိုး ပွက်ပွက်ဆူလာလျှင် ရုံးပတီသီး၊ ငရုတ်သီးစိမ်း (တစ်ခြမ်းခွဲ) ထည့်ပြီး အရသာမြည်းပါ။

(၁၀) မကျည်းရည် အနည်းငယ် ထည့်ပြီး မိမိကြိုက်နှစ်သက်သလို အရသာပြင်ပါ။

၅ မိနစ်ခန့်ကြာရင်တော့ မီးဖိုခလုပ် ပိတ်လို့ ရပါပြီ။ အခုဆိုရင်တော့ အနံ့ အရသာ ပြည့်စုံလှတဲ့ သီးစုံပဲကုလားဟင်း ရပြီမို့ ချစ်ခင်သူများနှင့် အတူတူ အရသာ ရှိရှိ သုံးဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ပျော်ရွှင်စရာကောင်းသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဟင်းချက်နည်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။