Time မဂ္ဂဇင်းရဲ့ ၂၀၁၆ တနှစ်တာလူပုဂ္ဂိုလ် အဖြစ် ဒေါ်နယ်ထရမ် ရွေးချယ် ခံရ

၂၀၁၆ ခုနှစ်ရဲ့ Person of the Year အဖြစ် Time မဂ္ဂဇင်းက အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို ရွေးချယ်လိုက်ပါတယ်။

အမေရိကန်အိမ်ခြံမြေ သူဌေးကြီး ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ သမ္မတ လောင်း ဟီလာရီကလင်တန်ကို အနိုင်ရခဲ့သူဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို တချို့ကလည်း အမေရိကန်ပြည်ထောင်စုကို ၂ခြမ်းကွဲစေတဲ့ သမ္မတလို့ ၀ိဂြိုလ်ပြု ကြပါတယ်။ ဒါပေမယ့် သူကတော့ ဒီ ဂုဏ်ပုဒ်ကို မနှစ်မြို့ဘူးလို့ ဆိုပါတယ်။

Time မဂ္ဂဇင်း၂၀၁၆ခုနှစ်အတွက် Person of the Year ရွေးချယ်ခံကြရာမှာ ဟီလာရီကလင်တန်၊ ဆီမိုနီ ဘီလစ်၊ သမ္မတပူတင်၊ ဘီယွန်းဆေး၊ မက်ခ်ဇူကာဘတ်ခ်၊ ဗြိတိန်နုုိင်ငံရေးခေါင်းဆောင် နီဂျယ် ဖရော့ခ် စတဲ့ ၁ဝဦးကို ကျော်ကာ ဒေါ်နယ်ထရမ့် အရွေးခံခဲ့ရတာဖြစ်ပါတယ်။

သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ ဟီလာရီကလင်တန်ကတော့ Time မဂ္ဂဇင်းရဲ့ Person of the Year နံပါတ် ၂ အဖြစ် ရွေးခံရပါတယ်။

NBC ရုပ်မြင်သံကြားသတင်းထောက် Matt Lauer ကနေ တယ်လီဖုန်းနဲ့ ဒေါ်နယ်ထရမ့်ကို မေးမြန်းရာမှာ Time မဂ္ဂဇင်းဟာ အရမ်းကို အရေးပါပါတယ်၊ ကျနော်အရမ်းကံကောင်းတဲ့သူဖြစ်သလို၊ ဂုဏ်ယူစရာပါလို့လည်း ဖြေကြားခဲ့ပါတယ်။

Time မဂ္ဂဇင်းရဲ့ အုပ်ချုပ်မှု အယ်ဒီတာ ဘန်ဂိုးဘာဂါကတော့ ထရမ့်ဟာ လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ အသစ်တက် လာမယ့် ခေါင်းဆောင်သာမက၊ အမေရိကန်နဲ့ ကမ္ဘာ့ဇတ်ခုံကိုပါ အပြောင်းအလဲကြီးတခု ဆောင်ကြဉ်းနိုင် မှာ ဖြစ်လို့ ရွေးချယ်တာပါလို့ BBC သတင်းမှာ ရေးသားခဲ့ပါတယ်။

မကြာသေးမီကလည်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတတွေ စီးနင်းမယ့် Air Force One အထူးလေယာဉ် ပျံ ၂စီးထပ်မံတည်ဆောက်မယ့် ကိစ္စကို ဖျက်သိမ်းရမယ့်လို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။