ချစ်သူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကအပျောက်မခံနိုင်လောက် အောင် ချစ်ကြပေမယ့်လည်း ဒီလိုချစ်ရက်နဲ့ပဲ ရန်တွေဖြစ်ကြ၊ လမ်းခွဲခဲ့ကြတာမျိုးတွေလည်း ရှိပါတယ်။ နားလည်မှုရှိရှိ လက်တွဲခဲ့ပြီးမှ ဒီလိုတွေဖြစ်နေမယ်ဆိုရင်တော့ ရက်ရှည် လက်တွဲ နိုင်ဖို့အတွက် စဉ်းစားစရာတွေဖြစ်လာနိုင်ပါတယ်။

ဒီလိုတွေမဖြစ်ဖို့အတွက် အခုပြောပြမယ့်အချက်ကလေးတွေနဲ့ ငြိမ်းချမ်းရေး ယူလိုက်ကြ ရအောင်နော် ။

(၁) သဝန်တိုခြင်း

လူတိုင်းကတော့ ချစ်သူအပေါ်မှာသဝန်တိုတက်တာကတော့ ထုံးစံပါပဲ။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါမျိုးဆိုတာလည်းရှိတက်သလို ယုံကြည်မှုတစ်ခုလည်း လိုအပ်ပါတယ်။ တစ်ဖက်သက်သူရဲ့ ရှင်းပြမှုကိုအရင်ဆုံးလက်ခံနိုင်အောင် ကြိုးစားသင့်ပါတယ်။

(၂) ဂုဏ်ပကာသနနဲ့ မာန

ချစ်သူနှစ်ဦးရဲ့ကြားမှာ အဟန့်အတားတစ်ခုဖြစ်စေတာကတော့ မာနဆိုတဲ့အရာပါပဲ။ ပွင့်ပွင့်လင်းလင်းနဲ့ အရှိကိုအရှိတိုင်းလက်ခံရမှာက ချစ်သူတိုင်းရဲ့တာဝန်တစ်ခုပါနော် ။

(၃) ပုံမှန်အဆက်အသွယ်မရှိခြင်း

ဘယ်လောက်ပဲ အရေးကြီးတဲ့တာဝန်ကိုယ်စီရှိနေပါစေ ချစ်သူလေးအတွက်တော့ ဖုန်းပြောဖို့အချိန်လေး ပေးသင့်ပါတယ်။ ဆိုရှယ်မီဒီယာတွေကနေ စကားတွေပြော နေပေမယ့်လည်း အသံလေးကြားရတာလောက် အလွမ်းပြေစေတဲ့အရာဆိုတာမရှိပါဘူး ။ ဒါကြောင့်နေ့စဉ်ဖုန်းဆက်ဖို့ လည်း မမေ့ပါနဲ့ ။

(၄) ယုံကြည်မှုနဲ့ နားလည်မှု

ယုံကြည်မှုမရှိတဲ့အခါ အထင်အမြင်လွဲမှားလာတာတွေလည်း ဖြစ်လာနိုင်သလို အမြင်မကြည်နိုင်တော့တာတွေလည်း ရှိလာနိုင်ပါတယ်။ ချစ်သူနှစ်ဦးအတွက် နားလည်မှုဆိုတဲ့အရာကတော့ အရေးကြီးတဲ့ အရာတစ်ခုပါ။

ကိုယ်ချစ်ရတဲ့သူအတွက်လို့ စဉ်းစားပြီးနားလည်ပေးလိုက်မယ်ဆို ပြသာနာဆိုတာတောင် ရှိတော့မှာ မဟုတ်ပါဘူး ။

ဒါဆိုချစ်သူအပေါ် စိတ်တွေအရမ်းကြီးကောက်မနေတော့နဲ့နော် ။ နှစ်ဦးသားအတူ ခိုင်မြဲတဲ့ Relationship တစ်ခုကိုတည်ဆောက်လိုက်ပါ ။

Source - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။