တခြားသူတွေလို ချစ်သူနဲ့လည်း ရန်ဖြစ်စကားများတာမျိုးတွေလည်း မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေတယ်အနေအထားမျိုးမှာရှိတယ်။ ဒါပေမယ့် အထီးကျန်သလိုခံစားရနေရတယ်ဆိုရင် သူငယ်ချင်းဒီစာလေးကို ခဏလောက်ဖတ်ကြည့်ပါ။

(၁) အနေဝေးခြင်း

LDRS ဆိုတဲ့အနေအထားကြီးတစ်ခုကြောင့် သူနဲ့ကိုယ်ဟာ ဝေးကွာနေရတယ်။ ဒီခံစားချက်ကြောင့် ဘေးမှာချစ်သူမရှိလို့ တသ်ယောက်တည်းဆိုတဲ့ ခံစားချက်က အထီးကျန်စေပါတယ်။

(၂) ဦးစားပေးမှုတွေ မရှိတော့တဲ့အခါ

အလုပ်တွေကြောင့်ဖြစ်ဖြစ် တခြားကိုယ်ရေးကိုယ်တာ အကြောင်းအမျိူးမျိုးကြောင့် ကိုယ်ချစ်ရသူကို အချိန်တွေပေးဖို့ ဦးစားပေးဖို့လျာ့နည်းလာတဲ့အခါ တစ်ယောက်တည်းနေတဲ့အချိန်တွေများလာတဲ့အခါဆိုရင်တော့ စိတ်ထွက်ပေါက်ဆိုတာကို ရှာဖွေချင်လာတာမျိုး ဖြစ်တက်ပါတယ်။

(၃) မတူညီချက်တွေများလာတဲ့အခါ

ကိုယ့်အကြိုက်လုပ်စေချင်တဲ့အခါ သူအကြိုက်ကိုလည်း အလိုက်တသိ လိုက်ပေးသင့်ပါတယ်။ တဖက်သက်ဆက်ဆံရေးဆိုတာ ဘယ်နေရာမှမကောင်းဘူးဆိုတာ သူငယ်ချင်းလဲ လက်ခံမိမှာပါ။ ဆန့်ကျင်ဘက်တွေ ဖြစ်လာပါများတဲ့အခါ တစ်ယောက်တည်းနေရတာကို ပိုပြီး နှစ်သက်လာနိုင်ပါတယ်။

(၄) တားမြစ် ပိတ်ပင်မှုတွေများလာတဲ့အခါ

မွန်းကြပ်မှုတွေ စိတ်ညစ်စရာတွေဆိုတာလူတိုင်းမှာရှိတက်ပါတယ်။ ဒါကိုစိတ်ထွက်ပေါက် တစ်ခုအနေနဲ့ လုပ်ချင်ပေမယ့်လည်း ချစ်သူက တစ်ခါတစ်ခွင့်လောက်တောင် ခွင့်ပြုမပေးနိုင်တဲ့အခါ မွန်းကြပ်မှုတွေကတစ်ယောက်တည်း တိတ်ဆိတ်စွာနေထိုင်ဖို့ ဖြစ်လာတက်ပါတယ်။

ဒီလိုဆိုသူငယ်ချင်းရော ???

ချစ်သူကိုအထီးကျန်အောင် ထားမိနေပြီလားး ??

Photo - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။