အမျိုးသားမြေမျက်နှာ သွင်ပြင်လေ့ လာရေး အဖွဲ့ ၏ National Geographic survey ၏ ကောက်နုတ်ချက်အရ အမေရိကန် လူမျိုးအားလုံး၏ ၇၀% သည် ကမ္ဘာမြေပြင် ကို ဂြိုလ်သားများ လာရောက်လည်ပါတ်သည့် အမှတ် အသားများ ရှိသည်ဟု ယုံကြည်ကြသည်။ နောက်ပြီး အမေရိကန် လူမျိုး ၁၂ ယောက်တွင် ၁ ယောက်သည် အမျိုးအမည် မသိယာဉ်ပျံ များ တစ်နေရာရာ မှာ တွေ့ဖူးကြသည်ဟု ယုံကြည်ကြသည်။အိုင်းစတိုင်း ကတော့ ယုံကြည်တယ်/မယုံကြည်ဖူး လို့မပြောပါဘူး

" ထူးထူးဆန်း ဆန်း ကြုံတွေ့ခဲ့ ကြသည့် UFO များသည် ကမ္ဘာ ပေါ်မှာ ရှိသည့် တိုးတက်သော လူ့အဖွဲ့ အစည်း တစ်ခုခု ရဲ့ ထောက်လှမ်းရေး ယာဉ်များ ဖြစ်နိုင်သည် " လို့သာ ပေါ့ပေါ့ပါးပါး ပြောခဲ့ပါသည်"

အိုင်းစတိုင်း နှင့် Oppenheimer တို့သိပ္ပံပညာရှင် နှစ်ယောက်သည် UFO နှင့် ဂြိုလ်သား တို့ လူသားများနှင့် တွေ့ထိမိပါ က သဘောတူညီချက်တစ်ခု ရေးဆွဲဖို့ အထိ စဉ်းစား ခဲ့ဖူးသည်။ အိုင်းစတိုင်း တို့ခေတ် ကတည်း က လူသားများသည် ကောင်းကင်ယံ များ ကမ္ဘာ့ တည်နေရာ အနှံ အပြား တွင် UFO များတွေ့ ခဲ့ ရသည်ဟု ယုံကြည်ကြသည်။ အခြားကမ္ဘာ မှ လူသားများ သည် သူတို့၏ကိုယ်ပိုင် စွမ်းရည် များနှင့် ကမ္ဘာပေါ် မှ လူသားများ၏ ကိုယ်ပိုင်စွမ်းရည် ဟာမတူညီနိုင် သလို လူနေမှု စရိုက်လည်း မတူညီနိုင်ပါ ဘူး ဒါကြောင် အပြည်ပြည် ဆိုင်ရ ဥ ပဒေ ထက်ကို Law Among Planetary Peoples (ဂြိုလ် ကမ္ဘာ အသီးသီး ပေါ်မှာ နေထိုင်သည့် လူများ အတွက် ဥပဒေ ) ရေးဆွဲဖို့ လိုအပ်ပါသည်။

သဘောတူညီချက်ထဲတွင် ကမ္ဘာ့ ဘာသာစကား (English ) သို့မဟုတ် ဘာသာစကား တစ်ခုခု ဖြင့် သဘောတူညီချက်ကို ရေးဆွဲပါမည်။

ဂြိုလ်က သားများ ဟာ တစ်ဦးကို တစ်ဦး ချုပ်ချယ်ပိုင်ခွင့် မရှိဘဲ လွတ်လပ်မှုရှိရမည်။

အကယ်၍များ ကမ္ဘာ ကို ခြိမ်းခြောက်လာပါက လက်တုန့် ပြန် ခွင့် ရှိရမည် စသည့် စသည့် အချက်များပါဝင်သည်။ဒီလိုနဲ့ စတီဖင် ဟာ့ကင်း တို့လက်ထက်ရောက် လာခဲ့ပါတယ်။

အမျိုးအမည် မသိယာဉ်ပျံများ / ဂြိုလ်သား များ ပေါ်ကို စတီဖင်ဟော့ကင်း ရဲ့ မှတ်ချက်က ဘာမှမရှိပါဘူး

သူက အိုင်းစတိုင်း တို့ ကို အပြစ်မပြောပေမယ့် "ဂြိုလ်သားများ သာ ကမ္ဘာ ကိုတွေ့ရှိခဲ့ပါက စစ်ပွဲကြီး ဖြစ်ပြီး လူသားများ သုတ်သင်ခံရမည် လို့ ခြုံငုံ ပြောခဲ့ ပါသည်။"အကယ်၍သာ ဂြိုလ်သားများ ကမ္ဘာပေါ်ကို လာရောက်လည်ပါတ်ခဲ့ပါက ကိုလမ်ဘတ် သည် မြောက်အမေရိက နယ်မြေသစ်ကို ရှာဖွေတွေ့ ရှိခဲ့ ပြီး ဒေသခံ အမေရိကန် လူမျိုး တွေ အတွက် ပြန်လည် ကောင်းမွန် မလာ ခဲ့သလို သာ ဖြစ်ပေလိမ့်မည် "

လို့ပြော ခဲ့ပါတယ်။ 

Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။