" သူနဲ့ရထားတဲ့ကလေးကို တစ်နေ့၁၂နာရီအိမ်မှာ တစ်ယာက်ထဲထားပြီး အလုပ်လုပ်ခဲ့ရတယ်။ကလေးသူ့ဟာသူ တစ်ယောက်ထဲ ကျောင်းသွားကျောင်းပြန် လုပ်ခဲ့ရတယ်။ "

စိုးသူရဲ့ ဇနီး မခငယ် ခေါ် ဒေါ်ခင်မြမြဝတ်မှုံဆွေကိုယ်တိုင် ရေးသားထားခဲ့တဲ့ စာစုကို ပြန်လည်မျှဝေလိုက်ပါတယ်။

" အဲဒီလိုဖြစ်မယ်ဆိုတာကို သိလျက်နဲ့ GP/POA လက်မှတ်မထိုးပေးပဲ အကြိမ်ပေါင်းများစွာ ဖုန်းဆက်တောင်းဆိုတာ ကိုရှောင်နေခဲ့တယ်။

ကိုစိုးသူဟာ သူ့အမေဆုုံးခါနီး အမေ့ကိုပြန်ပြီးပြုစုနိုင်အောင် စီစဉ်ပေးခဲ့တုန်းက "မှုံဟာ သူတော်ကောင်းမကြီးပါ ကို့ရဲ့ခင်ပွန်းကြီး ဆယ်ပါး ပါလို ့" ပြောပြီး မှုံ ့ကို ဖက်ငိုခဲ့တဲ့သူပါ။

မိန်းမတစ်ယောက်နဲ ့လင်ခန်းမယားခန်း ပြတ်အောင် အဆုံး မသတ်သေးပဲ သူနဲ ့ဖောက်ပြန်တဲ့ မိန်းမနဲ့ တရားနာပရိတ်သတ်ကြား မျက်နှာပြောင်ပြောင်ထိုင်ပြီး တရားနာနိုင်တဲ့သူပါ။

သူပေးတဲ့ အဆင်မပြေမူဒုက္ခတွေကို သူတော်ကောင်းတွေ က ဝိုင်းကူညီကြလို့ ့အထိုက်အလျောက် အဆင်ပြေခဲ့ပါတယ်။ "

"သစ္စာဖောက်ခံရရုံသက်သက်ကို ငိုယိုအော်ဟစ်နာကျင်ရုံဘဲခံစားခဲ့ပါတယ်။

နောက်ကျောကိုဓားနဲ့ နှစ်ခါထိုးပြီး တတိယကြိမ်ထပ်ထိုးဖို့ ကြံတဲ့သူ/ကြံရာပါရဲ့ ရန်ကိုကြိုတင်ကာကွယ် သင့်ပြီးထင်မိပါတယ်။

ပထမဒါဏ်ရာပေါ်က ဒုတိယဓားကိုနှုုတ်လို့မှမရသေးပါ...

ခွင့်လွတ်ပြီးလျှစ်လျူရှုပါလို့ပြောတဲ့ သူတွေရဲ့စေတနာကိုနားလည်ပေမဲ့

ပြောနေတဲ့သူတွေမှာလည်းကျော(အပို)တခုမပါလာတော့မတောင်းဆိုရက်ပါ။

နှစ်ယောက်ပေါင်းထားတဲ့ ပရိတ်သတ်အင်အားရယ် ဘုန်းဘုန်းတရားပွဲ အလှူရယ်ပေါင်းပြီး

တကယ့်သမိုင်းကို chemistry ပါလို့ဖန်တီးဖို့ကြိုးစားကြံစည်တာမအောင်မြင်တော့

ကြောက်မယ်ထင်ပြီး ပုဒ်မတွေနဲ့ဖြဲခြောက်ခဲ့တဲ့ သစ္စာဖောက်နှင့်လူယုတ်မာ နှစ်ခုပေါင်းထားတဲ့ သူတွေအပေါ်အမြဲမုန်းမာန်ပွားမနေပေမဲ့လည်း မေတ္တာထားလျှစ်လျှူရှုပြီးကျောပေးနေရအောင် ကျမမေတ္တာကြီးကြီးနဲ့သတ္တိရှိပြီး အဲ့လောက်ထိမိုက်ရူးရဲမဆန်တတ်လို့ပါ။ "

" ရန်သူကိုလက်နက်ချရင် ကျေအေးရတယ်တဲ့...သစ္စာဖောက်ကိုတော့ အပြီးရှင်းရတယ်တဲ့...

မရှင်းဘဲလွှတ်ထားခဲ့ရင်တစ်သက်လုံး စောင့်ကြည့်နေရပါတယ်။ အခွင်ရေးရတိုင်းလုပ်ကြံဖို့ကြိုးစားနေတတ်လို့ပါ။

ကျမဘဝကို ကိုယ့်ချင်းစာဖို့ ကျမစီးခဲ့ ဖိနပ်ထဲ ဝင်စီးကြည့်ပြီး ကိုယ့်ချင်းစာလို့ မသိနိုင်ပါ။ လှပြီးတော်တော်စီးလို့ အဆင်မပြေတဲ့ ဖိနပ်ကိုချွတ်ခေါင်းပေါ်တင်ပြီး

ဖိနပ်မပါလျှောက်ခဲ့ရတဲ့ ဘဝကြမ်းခရောင်းလမ်းမို့ပါ။

အကို/အမ ရှင့် ကျမပို့စ်အောက်မှာ cmtရေးမယ်ဆို ရင်တော့ ကျမမှာ ကျမနဲ့အတူ ၂၀၁၃နှစ်မှစပြီး အခုချိန်ထိ ကျမ ဒုက္ခတွေကိုမျှဝေခံစားခဲ့ပေးခဲ့ကြတဲ့ ရင်းနှီးချစ်ခင်တဲ့မိတ်ဆွေအနည်းငယ်ရှိတဲ့အတွက် ဖိနပ်မပါပဲ ကျမဘဝ ကို အရင်လျှောက်ကြည့်ပြီးမှ

cmt ရင်ပိုအဆင်ပြေမယ်ထင်လို့ပါရှင်။ "

Source : အနုပညာလောကမှသတင်းဦးသတင်းထူးများ

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။