ဘာစီလိုနာအသင်းသည် အသင်း၏ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်စ်အား ၂၀၂၂ အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားရန် ပြင်ဆင်နေသည်ဟုသိရသည်။ အသက် ၂၉ နှစ်ရှိပြီ ဖြစ်သော ဆွွာရက်စ်သည် ပြီးခဲ့သည့် ဘောလုံး ရာသီက သွင်းဂိုး ၄၀ သွင်းယူကာ ဥရောပ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သည်။ ထိုမျှမက အသင်းအား ဖလားများရရှိအောင် စွမ်းဆောင်ပေးခဲ့ရာတွင်အသင်းဖော် နှစ်ဦးဖြစ်သူ နေမာ၊မက်ဆီ တို့နှင့် အတူခြေစွမ်းပြ ကစားပေးခဲ့ကာ ပြီးခဲ့သည့် ဘောလုံးရာသီတွင် ၄င်းတို့ သုံးဦးပေါင်းပြိုင်ပွဲစုံ သွင်းဂိုးသည် ၁၃၁ ဂိုးအထိ ရှိခဲ့ပြီး စံချိန်သစ် တစ်ခု ဖြစ်သည်။

ဆွာရက်စ်၏ စာချုပ်သစ်ကိစ္စနှင့် ပတ်သတ် ၍ အသင်းဥက္ကဌ ဖြစ်သူ ဘာတိုမူက"ဆွွာရက်စ်ကို ကျွန်တော်တို့ သက်တမ်းတိုးသွားမှာပါ။ သေချာပါတယ်။ဒီကိစ္စအတွက် ပြင်ဆင် စရာအနည်းငယ်ရှိနေတာကြောင့် သိပ်မကြာခင်မှာ သူ့ကို သက်တမ်းတိုးတဲ့သတင်း ကိုထုတ်ပြန်မှာပါ။ ဆွာရက်စ် ဟာအသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါကြောင့် သူ့ကို သက်တမ်းတိုးပြီးသွားရင်တော့ ဒါဟာ အသင်းအတွက် ခရစ္စမတ် လက်ဆောင်ပါဘဲ ။ ကျွန်တော်တို့ အနေနဲ့ ဖြစ်နိုင်ရင် ဆွာရက်စ်ကို နှစ်ပေါင်းများစွာ သက်တမ်းတိုးလိုပါတယ်။ ဒါပေမဲ့ စည်းမျဉ်း စည်းကမ်းတွေကလဲ ရှိနေတာကြောင့် လောလောဆယ်တော့ ၂၀၂၂ အထိိဘဲ သက်တမ်းတိုးသွားမှာပါ။ " ဟူ၍ ပြောသွားပါသည်။

၂၀၁၄ ခုနှစ်တွင် လီဗာပူးလ် အသင်းမှ ပြောင်းရွေ့လာခဲဲ့သော လူးဝစ်စ်ဆွာရက််စ်သည် ဘာစီလိုနာအသင်းနှင်အတူ ဖလားပေါင်း ၈ ခု ရယူထားပြီး ထိုထဲတွင် လာလီဂါ (၂) ကြိမ်၊ ကိုပါဒယ်ရေး (၂)ကြိမ် နှင့် ချန်ပီယံလိဒ် ဖလား(၁) ကြိမ် စသည်တို့ အပါအဝင်ဖြစ်သည်။ ယခုနှစ်ဘောလုံး ရာသီတွင်လဲ ဆွာရက်စ်သည် အသင်းဖော် မက်ဆီနှင့် အတူ အသင်း၏ လာလီဂါ ဂိုးသွင်းအများဆုံး အဖြစ် (၉) ဂိုးသွင်းယူပေးထားသည်။

Credit - Football Cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။