ဒီတစ်ခါတော့ အစားတစ်လိုင်း ပရိတ်သတ်ကြီးအတွက် ကိုရီးယားစတိုင်လ် နာမည်ကြီး လူကြိုက်များတဲ့ ကင်ချီ ထမင်းကြော်နည်းကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ ချဉ်၊ ငန်၊ စပ် ကိုမှ ကြိုက်နှစ်သက်တဲ့ ကိုကို၊ မမ တွေ အတွက်ကတော့ တကယ့်ကို လက်မလွတ်သင့်တဲ့ စားစရာ တစ်ခုပါပဲ။ ကိုယ်တိုင် လုပ်စားဖို့အတွက်ရော ချစ်ခင်သူတွေကို ကျွေးဖို့အတွက်ရော အဆင်ပြေလွယ်ကူတာမို့ ကင်ချီထမင်းကြော်ကို ကြော်စားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

ပါဝင်ပစ္စည်းများ

ဂင်မ်ချီ 250g

ထမင်း 450g

အမဲသား 80g

ကြက်သွန်နီ 25g

မုန်လာဥနီ 70g

Olive Oil

ကြက်ဥ ၁ လုံး

နှမ်းဆီမွှေး

ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား  

ပြုလုပ်ပုံ အဆင့်ဆင့်

(၁) ထမင်းကို အဆင်သင့် ပြင်ထားပါ။

(၂) အသားကို အနေတော် လှီးပေးပါ။ (အသားအစ အသားပြားကို ထည့်လည်း ရပါတယ်။)

(၃) ဂင်မ်ချီကိုလည်း စားလို့ ကောင်းမယ့် အရွယ်အသားလောက် လှီးပေးပါ။

(၄) အရင်ဆုံး ကြက်သွန်နီနဲ့ မုန်လာဥနီကို အနေတော် အရွယ်အစား ခန့်လှီးပြီး အသားနှင့် အတူ ဆီနည်းနည်းနဲ့ ကြော်ပေးပါ။

(၅) ထို့နောက် ဂင်မ်ချီကို ထည့်ပြီး ငရုတ်ကောင်း ၊ ဆား၊ သကြားတို့ကို လိုသလောက် ထည့်ပြီး အပေါ့အငံ ချိန်ပြီး ဆက်ကြော်ပေးပါ။

(၆) နောက်ဆုံးမှာ ထမင်းကို ထည့်ပြီး ဂင်မ်ချီအနှစ်များ နှံ့အောင် သေချာလှိမ့်ပြီး ကြော်ပေးပါ။

(၇) ကြော်ပြီးနောက် အပေါ်မှာ ကြက်ဥကြော်လေး တင်ပေးလိုက်မယ်ဆိုရင်တော့ ဂင်မ်ချီထမင်းကြော် အဆင်သင့် စားသုံးနိုင်ပါပြီ။

လွယ်ကူ မြန်ဆန်ပြီး အရသာ ရှိတာမို့ လုပ်စားဖြစ်အောင် စားလိုက်ကြနော်။

Credit: ဟင်းချက်နည်းများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။