ဒေါ်အောင်ဆန်းစု ကြည်ကျွန်းဟု အမည်ပေးရန် ဒေသခံများ ကြိုးစားနေသော ရွှေသောင်ယံမြို့ ဘောမိကျေးရွာ အုပ်စုတွင်ပါဝင်သည့် ပန်းတမော့ ကျွန်း၌ မျှင်ငါးပိလုပ်ရာတွင် အဓိကပါဝင်သည့် မျှင်ကောင် များ အချိန်အခါမဟုတ်ဘဲ ကမ်း ပေါ်တင်နေ၍ ဒေသခံများ အလုအယက်ဖမ်းယူနေလျက်ရှိကြောင်း သိရပါတယ်။ ပန်းရောင်ဖြစ်ပြီး ပိုးလောက် လမ်းကဲ့သို့ ပုံသဏ္ဌာန်ရှိသည့် မျှင် ကောင်များသည် ဖေဖော်ဝါရီ ၃ ရက် မွန်းတည့် ၁၂ နာရီခန့်က စကာ ပန်းတမော့ကျွန်းကမ်းခြေ တွင် အဆုပ်လိုက်၊ အထွေးလိုက် တင်နေခြင်းဖြစ်ပါတယ်။ ပန်းတမော့ကမ်းခြေတွင် ငါးရှာရန်နှင့် ကျွန်းပေါ်၌ ထင်းခွေရန် အနီးဝန်းကျင်မှ ဒေသခံ ၁၀ ဦးခန့် လာရောက်စဉ် မျှင်ကောင်များကို တွေ့ရှိခြင်းဖြစ်ကြောင်းသိရပါတယ်။ 

‘အရင်က တစ်ခါမှ အခုလို မတွေ့ဖူးဘူး။ အခုမှ မြင်ဖူးတာ။ ဘယ်လိုကြောင့်လဲတော့ မသိဘူး’’ဟု မျှင်ကောင်များကို ငါးဖမ်းပိုက်အသေးဖြင့် ကျော့ယူနေသော အမျိုးသားတစ်ဦးက ပြောပြခဲ့ပါတယ်။ မျှင်ကောင်များ ကမ်းခြေ ပေါ်သို့ တင်သောကာလသည် သီတင်းကျွတ်လဖြစ်ပြီး မျှင်ငါး ရာသီဟု ခေါ်ကြကြောင်း ရွှေ သောင်ယံမြို့ ဒေသခံများက ပြောပြခဲ့ပါတယ်။ ယခုကဲ့သို့ အချိန်အခါ မဟုတ် မျှင်ကောင်များ ကမ်းပေါ်တင်သည့် ဖြစ်စဉ်ကို ဒေသခံများက အံ့ဩနေကြတာတွေ့ရပါတယ်။ ‘‘စစ်ရေးလေ့ကျင့်တာရဲ့ နောက်ဆက်တွဲလို့ အဲဒီလိုထင် တယ်။ ဒါက ထင်ရှားတဲ့ အချက် လေးတစ်ခုပေါ့။ ဟိုရက်ကဆို လည်း အမြောက်တွေ ဘာတွေ ပစ်တော့ ဝေလငါးတစ်ကောင် သေနေတယ်။ သဘော့ကန် ကမ်း ခြေနားမှာ။ ဒီကောင်တွေက ပင်လယ်နက်ထဲနေတာမဟုတ်ဘူး။ ကမ်းရိုးတန်းနားမှာ ရှိနေတာ’’ဟု ဒေသခံ ကိုစိုးမိုးက ပြောပြထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။