တခါတလေ ဘာကြောင့်မှန်းတောင် သတိမထားမိဘဲ နာကျင် ကိုက်ခဲတဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒီလို ခံစားရတဲ့ အခါ လူရော စိတ်ပါ မောပန်းနွမ်းနယ်နေပြီး ဘယ်အရာကိုမှ စိတ်အလိုမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်လက်တွေ နာကျင် ကိုက်ခဲနေပြီ ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။  

ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုများဖြစ်ပေါ်ပါက

- ဘယ်နေရာ နာကျင်ကိုက်ခဲမှုဖြစ်သလဲ ဆိုတာကို ဆန်းစစ်၍ သက်တောင့်သက်သာ ဖြစ်စေရန် နေထိုင်ပါ။

- ကောင်းမွန်စွာ အနားယူပါ။

- နာကျင်ကိုက်ခဲမှုကို သက်သာစေရန် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေး ပြုလုပ်ပါ။

- နာကျင်ကိုက်ခဲနေတုန်းအချိန်မှာ နှိပ်နယ်ခြင်းကို အထူးသဖြင့် လုံးဝ မပြုလုပ်သင့်ပါဘူး။

- နာကျင်ကိုက်ခဲမှုကို ပျောက်ကင်းသက်သာစေရန်အတွက် ဆေးမြှီးတိုများ နှင့် ပတ်ဝန်းကျင်မှ ညွှန်ကြားသော ဆေးများကို မိမိသဘောအတိုင်း မသောက်သုံးပါနဲ့။

- လိုအပ်လျှင် ဆရာဝန်နှင့် တိုင်ပင်၍ ဆေးကုသမှုကို ကောင်းစွာခံယူပါ။

- တရားမှတ်ခြင်း (သို့မဟုတ်) ယောဂကျင့်ခြင်းများ ပြုလုပ်ပါ။ (အနည်းဆုံး မိနစ် ၂၀ ပြုလုပ်ပါ) 

နာကျင်ကိုက်ခဲမှုကို ပေါ့ဆပါက အချိန်ကြာလာတဲ့အမျှ သင့်ရဲ့ အရိုးအဆစ်၊ ကြွက်သားများကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ထို့အပြင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ် အတွက် အနားယူဖို့ လိုအပ်တဲ့အခါ အလုပ်ဆက်လုပ် မနေဘဲ ကောင်းမွန်စွာ အနားယူကြဖို့ ထပ်မံ အကြံပေးချင်ပါတယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများ သိရှိပြီး သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။