နာမည်ကျော်တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးတစ်ယောက် သူမရဲ့ Facebook မှာ အလန်းစားပုံရိပ် လေးကေို ထပ်တင်လိုက်ပြန်ပါပြီ။ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး ယနေ့ထက်တိုင်လည်း ပရိတ်သတ် အချစ်တော်လေး အဖြစ် ရပ်တည် နေတာ ပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အလုပ်လုပ်လို့ ရသမျှငွေကြေး အားလုံးကို မိဘ ဖြစ်သူများထံ အမြဲတမ်းပြန်လည်ပေးပို့ခဲ့တာ ကြောင့် လက်ရှိမှ လူကြိုက် များပြီးချစ်ခင်နေ တဲ့ ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေတာပါ။

ကားဂိတ်ကြော်ငြာတစ်ခုမှာ ဓာတ်ပုံကို Post အလန်းစားပေးပြီး ရိုက်ကူးခဲ့တာကြောင့် သူမကို ဝေဖန်သူတွေက ပြင်းပြင်းထန်ထန်ပြောဆိုဝေဖန်ခဲ့ကြပါတယ်။ ဒီအချိန်ဟာ သူမက နေမကောင်း ဖြစ်နေ ချိန်မို့ အားငယ်ဝမ်းနည်းမိကြောင်းကို မျက်ရည်စက်လက်နဲ့ အင်တာ ဗျူး တစ်ခုမှာ ပြောပြသွားခဲ့ပါတယ်။ သူမကိုသနားပြီး ချစ်ခင်တဲ့ပရိတ်သတ်တွေက အားပေး စကားပြောခဲ့ကြ ပါသေးတယ်။ ဆရာတော်ဝီရသူကလည်း လောကဓံကိုခံနိုင်ရည် ရှိအောင် ကြိုးစားဖို့လည်း မိန့်ကြားခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ သူမရဲ့အမိုက်စားဖက်ရှင်လေးက တကယ်ကိုကြည့်ကောင်းလွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ ပန်းဆီရောင်အရင့်အင်္ကျ ီရင်အကွဲ လေးကို အဖြူရောင်ဂါဝန်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားပြီး Photo Shooting ရိုက်ကူးခဲ့တဲ့ သူမရဲ့ပုံရိပ်တွေက တကယ်ကို ကြွေချင်စရာပါပဲ။ သူမရဲ့ပရိတ်သတ်တွေကတော့ ဒီဝတ်စုံကို ဝေဖန်နေကြပါတယ်။ တောသူ မလေးဖြူဖြူထွေးရဲ့ ပုံစံအသစ်နဲ့ လန်းနေတဲ့ပုံရိပ်တွေ ကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပါတယ်။

Photo – Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။