Big Bang အဖွဲ့ဝင်တွေရဲ့ မိခင်(၅)ယောက်စလုံးကို တစ်စုတစ်ဝေးတည်း တွေ့မြင်ရဖို့ မလွယ်ပေမယ့်လည်း Taeyang ရဲ့ လက်ထပ်မင်္ဂလာပွဲလေးမှာတော့ တစ်စုတစ်ဝေးတည်း တွေ့ခဲ့ကြပါတယ်..။

အဲ့ဒါကြောင့်လည်း Taeyang ရဲ့ မင်္ဂလာပွဲလေးဟာ အားလုံးအတွက် ပိုပြီး ပြီးပြည့်စုံပြီး အဓိပ္ပာယ်ရှိတဲ့ မင်္ဂလာပွဲလေးလည်း ဖြစ်ခဲ့ပါတယ်..။

Big Bang အဖွဲ့ဝင်တွေရဲ့ အမေ(၅)ယောက် တစ်စုတစ်ဝေးတည်း စုဝေးနေတဲ့ပုံကိုတော့ အဖွဲ့ဝင်ဖြစ်တဲ့ ကိုယ်လူချောလေး Seungri က ဓာတ်ပုံရိုက်ကူးပြီး သူ့ရဲ့ အင်စတာဂရမ်အကောက်မှာ တင်ထားတာ ဖြစ်ပါတယ်..။

“Big Bang Mom Version ၊ မေမေတို့အမြဲတမ်း ကျန်းမာကြပါစေ..” ဆိုပြီး ဓာတ်ပုံလေးတွေနဲ့အတူ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်.။

Big Bang အဖွဲ့ဝင် Taeyang နဲ့ မင်းသမီးချောလေး Min Hyo-rin တို့ရဲ့ မင်္ဂလာပွဲလေးကိုတော့ ဖေဖော်ဝါရီ(၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်ဆယ်လီများစွာ တတ်ရောက်ခဲ့ကြပါတယ်..။

သတို့သား အသစ်စက်စက်လေး ဖြစ်တဲ့ Taeyang ကတော့ မကြာခင်မှာပဲ မဖြစ်မနေ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ရတော့မှာလည်း ဖြစ်ပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။