ချစ်ပရိသတ်တွေ ဂျင်းကောင်ဆိုတဲ့ နာမည်လေးကြားလိုက်တာနဲ့ ဘယ်သူကိုအရင်ဆုံးပြေးမြင်မိမလဲဆိုတာ မေးနေစရာတောင်မလိုဘူးထင်ပါတယ်။ဂျင်းကောင်နာမည်လေးနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ရင်ထဲထိုး ဖောက်သွားခဲ့တဲ့ မြင့်မြတ်ကတော့ မကြာခင်မှာခင် ဂျင်းကောင်ပေါက်စလေး ရရှိလာတော့မယ့် ဖခင်လောင်း တစ်ယောက်လည်း ဖြစ်လို့နေပါပြီ။ပရိသတ်အချစ်တွေရော၊သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးမှာ လူဦးရေ တွေထပ်တိုးလာတော့ မှာဖြစ်လို့ မြင့်မြတ်တစ်ယောက် အရမ်းကိုပျော်မဆုံးဖြစ်နေပုံရပါတယ်။ 

မကြာခင်မှာမွေးဖွားလာတော့မယ့် ရင်သွေးလေးအပြင် သူရဲ့ဘဝမှာ ရင်သွေးလေးဘယ်နှစ်ယောက်အထိ ယူမယ်လို့ ရည်ရွှယ်ထားတဲ့ အကြောင်းလေး ဖွင့်ဟလာခဲ့ပါတယ်။လက်ရှိသက်ဦးရင်သွေးလေး အတွက်လည်း အရမ်းကို ရင်ခုန်နေသလို နောက်ထပ်ဖြတ်သန်းမှာ ဘဝခရီးလမ်းမှာ ရင်သွေးငယ်လေး နှစ်ယောက်အထိ ယူ မယ်လို့ ရည်ရွှယ်ထားကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။လက်ရှိမှာတော့ သက်ဦးရင်သွေး လေးအတွက်ပဲ အစအစအရာရာ ဂရုစိုက်မှုတွေ ပြုလုပ်နေပြီး ပြက္ခဒိန်ကနေ့ရက်လေးတွေ ရေတွက်ရင်း သူရဲ့ ဘဝထဲ ဝင်ရောက်လာတော့မယ့် ကလေးလေးကို စောင့်မျှော်နေတာ ပဲဖြစ်ပါတယ်။ 

ယခုရင်သွေးလေးရဲ့ ကိုယ်ဝန်သက်တမ်းလေးကတော့ (၂)လကျော်လာခဲ့ပြီပဲဖြစ်ပါတယ်။ကလေးချစ်တက်တဲ့ မြင့်မြတ်အနေနဲ့ သက်ဦးရင်သွေးလေးကို သားလေးလိုချင်တယ်လိုဆိုပေမယ့် ဘာလေးရရ ချစ်မှာပါလို့ ဆိုပါတယ်။လက်ရှိကိုယ်ဝန်ကလည်း (၂)လဆို တော့ဘာလေး ဖြစ်လာမလည်းသေချာမသိသေးတဲ့အတွက် ပိုပြီးရင်ခုန်နေပါတယ်လို့ ဆိုပါတယ်။ပရိသတ်အချစ်တော် မြင့်မြတ်ရည်ရွယ်ထားတဲ့ အတိုင်းချစ်စရာကောင်းတဲ့ ကလေးလေးနှစ်ယောက်နဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်စေဖို့ ချစ်ပရိသတ်တွေက ဆုတောင်းပေးလိုက် ပါအုန်းနော်။

သတင်းအရင်းအမြစ် - မြင့်မြတ်(8 Day)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။