2018 ခုနှစ်ကိုရောက်ရှိလာပြီမို့ Calendar အသစ်တွေလဲ အပြိုင်အဆိုင်ထွက်ရှိလာကြပါပြီ ။ ခေတ်ရေစီးကြောင်းကို ထင်ထင်ရှားရှားပြသနေတဲ့အရာက Calendar ပုံတွေပဲဖြစ်ပါတယ် ။ နှစ်တစ်နှစ်မှာ တစ်ခါပဲထုတ်ရတာမို့ မော်ဒယ်သုံးတဲ့ Calendar တွေမှာ ဒီခေတ်ရဲ့ အလန်းစားဖက်ရှင်တွေ ပုံရိပ်တွေကိုိ တွေ့မြင်ရမှာပါ ။ ဟိုးယခင်က ဖက်ရှင်ကျတဲ့ ၀တ်စုံတွေနဲ့ မင်းသမီးမင်းသား Calendar တွေ ခေတ်တစ်ဖြည်းဖြည်းပြောင်းလာတော့ မော်ဒယ်မလေးတွေရဲ့ ခေတ်မှီတဲ့ ဖက်ရှင်တွေနဲ့ Calendar တွေ ... အဲဒီနောက်ပိုင်း မယ်ပြိုင်ပွဲတွေ ခေတ်စားလာတော့ ရေကူးဝတ်စုံနဲ့ Calendar တွေ တစ်ဖြည်းဖြည်း ခေတ်ရေစီးကြောင်းအလိုက် ရွေ ့လျားပြောင်းလဲလာပါတယ် ။ 

ရိတ်သတ်တို့ အိမ်တွေမှာလည်း ခုပြောတဲ့ Calendar တစ်ခုဆီတော့ရှိဖူးကြတယ်ဟုတ် ? ခုလည်း ဒီ 2018 မှာ လူစိတ်ဝင်စားမှု များပြားစွာရရှိနေတဲ့ အလန်းစား Calendar လေးတစ်ခုထွက်ရှိလို့လာပါတယ် ။ အဲဒါကတော့ Fashion Magazine ကထုတ်ဝေထားတဲ့ Calender လေးပဲဖြစ်ပါတယ် ။

အိမ်မှာရှိတဲ့ Calendar တွေထဲမှာ ခုပြောမယ့် Calendar လောက်တော့ လန်းတဲ့ Calendar တော့ရှားလိမ့်မယ်ထင်တယ် ။ 

ဒီ Calendar က အခုလက်ရှိ အွန်လိုင်းမှာ လူစိတ်ဝင်စားမှု အများဆုံး Calendar တစ်ခုဖြစ်နေတာပါ ။ ဒီ Calendar ကို ဘာလို့စိတ်ဝင်စားမှုများပြားရလဲ ဆိုတဲ့ မေးခွန်းကတော့ Calendar ကိုကြည့်လိုက်တာနဲ့ သိသွားမှာပါပဲ ။ ပုရိသတို့အသည်းစွဲ အလန်းစား မော်ဒယ်တွေရဲ့ ခပ်ဟော့ဟော့ ပုံတွေနဲ့ ဖန်တီးထားတဲ့ ဒီ Calendar လေးဟာ မြင်လိုက်တဲ့သူတိုင်းကို Wow ခနဲဖြစ်သွားစေလောက်အောင် မိုက်ပါတယ် ။ ဒီ Calendar ကို Fashion Magazine ကသူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာထက်ကနေမျှဝေပေးထားပြီး ထပ်ဆင့် ပြန်လည်မျှဝေတဲ့သူထောင်ကျော် ရှိနေပြီဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Fashion Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။