တစ်ချိန်က ပရိတ်သတ်တွေအသည်းစွဲ နာမည်ကျော် ဖိုက်တင်မင်းသား ကိုရဲမင်းပိုင်ကတော့ ပြည်တော်ပြန်လာခဲ့ပါပြီ ။ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး အမိမြန်မာပြည်နဲ့ အဆက်ပြတ်ခဲ့ရတာကြောင့် သူပြန်ရောက်လာတဲ့အချိန်မှာ သူ့ပရိတ်သတ်တွေဟာ အလွန်ဝမ်းသာနေကြတာပါ ။ သူက ကိုယ်ခံပညာကို သေချာကျွမ်းကျင်တတ်မြောက်တဲ့ ဖိုက်တင်မင်းသားကောင်းတစ်လက်မို့ သူရိုက်ကူးတဲ့ ဖိုက်တင်ခန်းတွေက အလွန်အသက်ဝင်လှပါတယ် ။ 

သူ ပြန်လာပြီမို့ ပရိတ်သတ်တွေကတော့ ယခင်တုန်းက သူ့ရဲ့ အနုပညာလှုပ်ရှားမှုအသစ်တွေကို စောင့်မျှော်လို့နေကြပါတယ် ။ ခုလက်ရှိမှာတော့ မင်းသားရဲမင်းပိုင်က ၀ါသနာရှင် လူငယ်လေးတွေကို ဖိုက်တင်သရုပ်ဆောင် ပညာသင်ကြားပေးနေတယ်လို့ သိရှိရပါတယ် ။ နေရာကတော့ ရန်ကုန်မြို့ ကျိုက္ကဆံ ဂျွမ်းဘားအားကစားရုံမှာပါ ။ 

၀ါရင့်သရုပ်ဆောင်လည်းဖြစ် ကိုယ်ခံပညာကို ကျွမ်းကျင်သူလည်းဖြစ်လို့ သူသင်ပေးတဲ့ ပညာတွေက ၀ါသနာရှင်လေးတွေအတွက်တော့ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိမှာပဲဖြစ်ပါတယ် ။ ကိုရဲမင်းပိုင်ရဲ့ ဖိုက်တင်ခန်းတွေကို မျှော်လင့်နေကြတဲ့ ပရိတ်သတ်တွေကတော့ မျိုးဆက်သစ် ဖိုက်တင်မင်းသားလေးတွေဆီမှာပါ ကိုရဲမင်းပိုင်ရဲ့ ပညာတွေကို တွေ့ရနိုင်မလားဘဲ ။ အနုပညာ မျိုးဆက်သစ်တွေအတွက် ပညာလက်ဆင့်ကမ်းတဲ့ ကိုရဲမင်းပိုင် ကိုတော့ ၀ုိင်းချီးကျူးနေကြတာပဲဖြစ်ပါတယ် ။

သတင်းအရင်းမြစ် Myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။