ဖေဖော်ဝါရီ ၅ ရက်နေ့မနေ့က နေ့လည် ၁၂ နာရီခွဲအချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် လမ်းဆုံတွင် ကားသမားတစ်ဦးအား လမ်းမပေါ်တွင် ဆိုင်ကယ်သမားများမှ အုပ်စုဖွဲ့မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းဝန်းထိုးကြိတ် ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။အဆိုပါ ဖြစ်စဉ်မှာ အမျိုးသားတစ်ဦးမောင်းနှင်လာတဲ့ 9G/------ Suzuki Carry အဖြူရောင်ယာဉ်ဟာ ကုန်ပစ္စည်းများတင်ဆောင်ကာ သိမ်ကြီးဈေးမှ ဈေးဝယ်ပြီးပြန်လာရာထောက်ကြန့်၊ စစ်သင်္ချိုင်းရှေ့အရောက်တွင် တခြားကားတစ်စီးမှ ကျော်တက်သွားသဖြင့် ကားအား ရုတ်တရက် ဘရိတ် အုပ်လိုက်ခဲ့တယ်လို့ သိရပါတယ်။ထိုစဉ်နောက်မှကပ်ပါလာတဲ့ ဆိုင်ကယ်(၃)စီးမှာလည်း မောင်းရန်ပြင်ပြီးမှ ဘရိတ်အုပ်သဖြင့် လန့်သွားပြီး ဆိုင်ကယ်သမားများမှ ဆဲဆိုခဲ့တာ ပဲဖြစ်ပါတယ်။  

အဆိုပါ Suzuki ယာဉ်ဟာ ဆက်လက်ပြီး လမ်းကြောအတိုင်း မောင်းနှှင်သွားရာ ထောက်ကြန့်လမ်းဆုံအနီး အရောက် ဆိုင်ကယ်(၃)စီးအနက်မှ တစ်စီးဟာ ကားအရှေ့သို့ ကန့်လန့်ဖြတ်ပိတ်ရပ်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းဆိုင်ကယ်(၃)စီးပေါ်မှ အမျိုးသား(၅)ဦးတို့က ဆိုင်ကယ်ပေါ်မှဆင်းကာ ယာဉ်မောင်း ဦး-----အား ဝိုင်းဝန်း ထိုးကြိတ် ဆဲဆို ရိုက်နှက်ခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒီအုပ်စုဖွဲ့မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းဝန်းထိုးကြိတ်မှုကြောင့် Suzuki ယာဉ်မောင်း ဦး-----တွင် ဖူးရောင်ဒဏ်ရာများရရှိခဲ့ကာ ကားရှေ့လေကာမှန် နှင့် ယာဘက် နောက် ကြည့်မှန် တို့အား ရိုက်ခွဲခဲ့သဖြင့် ထောက်ကြန့် နယ်မြေရဲစခန်း (ပ) ၁၀၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၃၂၃/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။ 

ပြစ်မှုကျူးလွန်သူများအား မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးမှ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ နှင့် ထောက်ကြန့် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ မှော်ဘီမြို့နယ်၊ သန္ဓေပင် ကျေးရွာ နေ မင်းထက်အောင် ငှားရမ်းနေထိုင်ရာ နေအိမ်မှဆိုင်ကယ်(၃)စီးဖြင့် မှော်ဘီမြို့နယ်ဘက်မှ ထောက်ကြန့်မြို့ ဘက်သို့ ထွက်ခွာလာကြောင်း သတင်းရရှိခဲ့ပါတယ်။ဆက်လက်သတင်းရရှိမှုအရ လှော်ကား လမ်းခွဲတွင် ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ၆း၃၀ အချိန်တွင် ဖမ်းဆီးရမိခဲ့တာ ပဲဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူများကတော့ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ အောင်မြင့်သူ (၃၀)နှစ်၊ ညိုမောင်(၂၄)နှစ်၊မှော်ဘီမြို့နယ် နေ နိုင်လင်း(၁၉)နှစ်၊ သက်ပိုင်ဦး(၁၉)နှစ်နှှင့် မင်းထက်အောင် (၂၅)နှစ်တို့အား ၎င်းတို့စီးနင်းသည့် ဆိုင်ကယ်(၃) စီးနှင့်အတူ ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။အဆိုတရားခံ(၅)နှင့် ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်များ မှာ လိုင်စင်မဲ့များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မဖြင့်လည်း ဆက်လက် အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - YGN Police 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။