ဝါသနာတူရာအနုပညာကို အတူတွဲလုပ်ကိုင်နေကြတဲ့ အဆိုတော် G- Fatt နဲ့ နန်းဆုရတီစိုးတို့ နှစ်ယောက် ကတော့ ပရိသတ်တွေအားကျနေရတဲ့ စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။သူတို့ နှစ်ယောက်ကတော့ အနုပညာ လမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ ချစ်စရာစုံတွဲလေး ပဲဖြစ်ပါ တယ်။ သူတို့စုံတွဲလေးဟာ ချစ်ပရိသတ်တွေကိုတော့ တရားဝင်ချပြခြင်း မရှိသေးပေမယ့် ချစ်စရာကောင်းပြီး လိုက်ဖက်လှတဲ့ သူတို့နှစ်ယောက်ကို ချစ်ပရိသတ်တွေက ပြောစရာမလိုအောင် သဘောတူနေကြတာ ပဲဖြစ်ပါ တယ်။  

ဒီနေ့မှာလည်း ချစ်ပရိသတ်တွေအားလုံး အားကျသွားရမယ့် သူတို့နှစ်ယောက်ရဲ့ ချစ်စရာစုံတွဲပုံလေးတွေ ကိုထပ်မံ မြင်တွေရပြန်ပါပြီ။အထာကျတဲ့ဖက်ရှင်လေးတွေနဲ့ နှစ်ယောက်လုံးတကယ့်ကို အလန်းစားပါပဲနော်။ အခုပုံရိပ်လေးတွေကိုတော့ နန်းဆုရဲ့ ချစ်ပရိသတ်တစ်ယောက်ရဲ့ လူမှုကွန်ယက်က မျှဝေပေးထားတာ ပဲဖြစ်ပါတယ်။ 

G- Fatt နဲ့ နန်းဆုရတီစိုးတို့ စုံတွဲလေးကတော့ လက်ရှိဖားကန့် ဒေသကိုရောက်ရှိနေတာ ပဲဖြစ်ပါတယ်။ နှစ်ယောက်အတူ ခရီးလေးတွေ အတူတူထွက်ဖြစ်နေပြီး ပျော်ရွှင်စရာအခိုက်အတန့်လေးတွေ မမောနိုင် မပန်းနိုင် ဖန်တီးနေကြကာ ထာဝရထက် တစ်ရက်ပိုချစ်နေကြတဲ့ စုံတွဲလေးလို့ဆိုရပါမယ်။တကယ်လဲ နတ်ဖက်တဲ့ စုံတွဲလေးလို့ ဆိုရလောက်တဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်စရာစုံတွဲ ပုံရိပ်လေးတွေကို ချစ်ပရိသတ် တွေအားကျသွားစေဖို့ မျှဝေပေးလိုက်ပါတယ်နော်။  

Source - Myanmarload

Photo - Saw Myat Thar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။