ဘရာဇီလ်းဂန္တဝင်ကစားသမား ရော်နယ်ဒိုဟာ တစ်နိုင်ငံသားချင်း နေမာကို PSG အသင်းမှာအောင်မြင်မှာပါလို့ ဆိုခဲ့ပါတယ်။ရော်နယ်ဒိုဟာ " နေမာဟာ PSG အသင်းနဲ့ အတူ အောင်မြင်မှုရယူနိုင်ပြီး Ballon d'Or ဆုကို ရရှိနိုင်ပါတယ်" လို့ပြောခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းကနေမာ ကို ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်လာခဲ့တာကြောင့် ရော်နယ်ဒိုဟာ ခုလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ 

"နေမာဟာ PSG အသင်းကနေ ထွက်ခွာဖို့မလိုပါဘူး။သူဟာ ဒီအသင်းနဲ့ အတူ ဆုဖလားများစွာ ဆွတ်ခူးနိုင်ပါတယ်။နေမာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားထဲကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်" လို့ နေမာ ရဲ့ မွေးနေ့ပါတီမှာ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ နေမာကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ကျယ်လောင်စွာထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

နေမာဟာ ရာသီအစက ဘာစီလိုနာအသင်းကနေ PSG အသင်းကို ပြောင်းရွှေ့ကြေးအများဆုံးစံချိန်နဲ့ ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းမှာ အမြန်ဆုံးအထိုင်ကျခဲ့ပြီး သွင်းဂိုးများစွာသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ ပြင်သစ်လိဂ်ဂူးပြိုင်ပွဲမှာ ဇယားထိပ်ဆုံးမှာ ရှိနေတာလည်းဖြစ်ပါတယ်။PSG အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။ 

source - bleacher report football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။