ပရိသတ်အချစ်တော် လူငယ်အဆိုတော်တွေဖြစ်တဲ့ Xbox , Marry နဲ့ မိစန္ဒီ တို့ (၃)ယောက်ကတော့ ကြုံတောင့်ကြံုခဲအတူခရီးထွက်ဖြစ်တုန်းမှာ တက်ညီလက်ညီ ဂိုက်ပေးကြမ်းနေကြပါတယ်။

သူတို့(၃)ယောက်ဟာ ပုဂံ ညောင်ဦး ကို ရောက်ရှိနေပြီး လည်ပတ်ရင်းနဲ့ ပျော်စရာအခိုက်အတန့်လေးတွေ ဖန်တီးနေကြတာတွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ သူတို့(၃)ယောက်လုံးကို အခုလို အတူတူတွဲမြင်ရတော့ ချစ်တဲ့ပရိသတ်တွေကတော့ အပျော်တွေကူးစက်မယ်လို့ မျှော်လင့်ပါတယ်။

ပုဂံရောက်နေတဲ့ မိစန္ဒီ ၊ Xbox နဲ့ Marry တို့အဖွဲ့ဟာ လူငယ်တွေပီပီ စိတ်လွတ်ကိုယ်လွတ်ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို သူတို့ရဲ့ လူမှုကွန်ရက်အကောင့်တွေမှာ မျှဝေထားကြတာဖြစ်ပါတယ်။

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်နေတဲ့ ခေတ်ပေါ် အဆိုတော်တွေဖြစ်ကြပြီး သီဆိုတဲ့ သီချင်းအမျိုးအစားချင်းမတူကြပေမယ့် လူငယ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေကိုရရှိထားတာဖြစ်ပါတယ်။

ပရိသတ်ကြီးရော သူတို့လေးတွေရဲ့ ပုံလေးတွေကိုမြင်တော့ သူငယ်ချင်းတွေနဲ့ ပုဂံသွားချင်စိတ်ပေါ်လာပြီမလား။

Source : Cele fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။