စင်ကာပူဆီးဂိမ်းမှာမြန်မာအသင်းအတွက်ငွေတံဆိပ်ဆုရယူ

ပေးခဲ့တဲ့နည်းပြအဖွဲ့မှာဦးကြည်လွင်နဲ့အတူဂျာမနီနိုင်ငံသား

မားကပ်ပါဝင်ခဲ့ပါတယ်။မားကပ်ဟာမြန်မာယူ-23အသင်းရဲ့

ကြံ့ခိုင်ရေးနည်းပြတစ်ယောက်အဖြစ်အကောင်းဆုံးတာဝန်

ယူခဲ့ပြီးစင်ကာပူဆီးဂိမ်းအပြီးမှာတော့မြန်မာအသင်းနဲ့လမ်း

ခွဲခဲ့ပါတယ်။စင်ကာပူဆီးဂိမ်းအပြီးမလေးရှားဆီးဂိမ်းမှာတော့

နည်းပြဂတ်ရဲ့နည်းပြအဖွဲ့တွေကဆက်လက်တာဝန်ယူခဲ့ပါတယ်။ဒါပေမယ့်အားလုံးသိတဲ့အတိုင်းမလေးရှားဆီးဂိမ်းမှာ

မြန်မာတို့ကျရှုံးခဲ့ပါတယ်။

မလေးရှားဆီးဂိမ်းအပြီးဖိလစ်ပိုင်ဆီးဆီးဂိမ်းအတွက်ရည်ရွယ်ပြီးမြန်မာယူ-21အသင်းကိုဆက်လက်ဖွဲ့စည်းခဲ့ရာမှာတော့နည်းပြချုပ်ဂတ်ရဲ့နေရာမှာအရင်နည်းပြဦးကြည်လွင်ကို

ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ဦးကြည်လွင်ဟာသူ့ရဲ့စစ်မှန်မှု

ပြသနိုင်ခဲ့ပြီးဗီယက်နမ်ဖိတ်ခေါ်ဖလားမှာခါးသီးပြိုင်ဘက်ထိုင်း

ကိုနှစ်ကြိမ်တိုင်တိုင်ကျော်ဖြတ်ပြီးတတိယဆုရယူ

နိုင်ခဲ့ပါတယ်။ဖိတ်ခေါ်ဖလားမတိုင်ခင်ကဦးကြာ်လွင်ကိုယာယီ

နည်းပြအဖြစ်သာခန့်အပ်ခဲ့ပေမယ့်ဖိတ်ခေါ်ပွဲပြီးသွားချိန်မှာတော့ဖိလစ်ပိုင်ဆီးဂိမ်းအသင်းကို

ဦးကြည်လွင်ရဲ့လက်ထဲဝကွက်အပ်လိုက်ပါတော့တယ်။ဦးကြည်လွင်နည်းပြဖြစ်ဖြစ်ချင်းချင်း

ပထမဆုံးလုပ်တဲ့အလုပ်ကရဲဘော်ရဲဘက်ဖြစ်တဲ့မားကပ်ကို

ုပြန်ခေါ်တာပဲဖြစ်ပါတယ်။

"2019ဆီးဂိမ်းအတွက်2015ဆီးဂိမ်းအတူလက်တွဲဖော်ကြီး

ကြံ့ခိုင်းရေးနည်းပြမားကပ်ရောက်လာတာအသင်းအတွက်

တစ်တပ်တစ်အားပါပဲ။MFFကိုကျေးဇူးအထူးတင်ပါတယ်"

လို့ဦးကြည်လွင်ကသူရဲ့Facebookစာမျက်နှာကနေ

ရေးသားခဲ့ပါတယ်။မြန်မာယူ-21အသင်းဟာလက်ရှိမှာ

ဘုန်းသစ္စာမင်း၊ရွှေကို၊မြတ်ကောင်းခန့်စတဲ့နာမည်ကြီးလူငယ်

တွေနဲ့အတူဖွဲ့စည်းထားပြီးလာမယ့်မတ်လပထမပတ်ကနေစပြီး

စခန်းသွင်းလေ့ကျင့်သွားမှာပါ။ဆီးဂိမ်းအသင်းဟာဒီနှစ်ထဲမှာ

ဘရူနိုင်းဘုရင့်ဖလားဂင်ပြိုင်မှာဖြစ်ပြီးအဲ့ဒီပွဲမတိုင်ခင်

ခြေစမ်းပွဲတွေကစားသွားဦးမယ်လို့သိရပါတယ်။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။